Isaiah 9:20
လက်ျာ ဘက်၌ ခုတ် ဖြတ်သော်လည်း ၊ ငတ်မွတ် လိမ့်မည်။ လက်ဝဲ ဘက်၌ ကိုက် စားသော်လည်း မ ဝ ရ။ အိမ်နီးချင်းအသား ကို လူ တိုင်းကိုက်စား ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 5:25ထိုကြောင့် ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက်လျက် ၊ သူတို့၌လက် တော်ကိုဆန့် ၍ ဒဏ်ခတ် တော်မူသဖြင့် ၊ တောင် တို့သည်တုန်လှုပ် ၍ ၊ သူ တို့၏အသေ ကောင်တို့သည် လမ်း များ၌ မစင် ကဲ့သို့ ဖြစ် ကြ၏။ သို့သော်လည်းအမျက် တော်သည် မ ငြိမ်း ၊ လက် တော် သည် ဆန့် လျက်ရှိ သေး၏။
Isaiah 10:4ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသောသူတို့ အောက် မှာ ဦးချ ရကြလိမ့်မည်။ အသေသတ် ခြင်းကို ခံရသောသူတို့ အောက် မှာ လဲ ရကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည်မ ငြိမ်း ၊ လက် တော်သည်ဆန့် လျက်ရှိသေး၏။
Jeremiah 19:9သတ်ခြင်းငှါရှာကြံ သောရန်သူ များတို့သည် ဝိုင်း ၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ် လျက် နေ၍၊ ကိုယ် သား သမီး အသား ကို ငါစား စေမည်။ အချင်းချင်း တယောက်အသားကို တယောက်စား ကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
Zechariah 11:9နောက် တဖန် သင် တို့ကို ငါမ ကျွေး ။ သေ သော အကောင်သည် သေ ပါလေစေ။ အသတ် ခံရသောအကောင်သည် ခံရ ပါလေစေ။ ကျန်ကြွင်း သောအကောင်တို့သည် တကောင် ကိုတကောင်စား ပါလေစေဟု ငါဆို လျက် ၊