The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 9

1သို့ သော်လည်း၊ ဒုက္ခ ဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှမှောင်မိုက် နှင့်ကင်းလွတ် လိမ့်မည်။ ဇာဗုလုန် ခရိုင် နှင့် နဿလိ ခရိုင် ကို အထက် က ရှုတ်ချ တော်မူသော်လည်း ၊ နောက်တဖန်အိုင် နားရှောက်သော လမ်း ၊ ယော်ဒန် မြစ်တဘက် ၊ တပါးအမျိုးသား နေရာ ဂါလိလဲ ပြည်ကို ဂုဏ် အသရေနှင့် ပြည့်စုံစေတော်မူ၏။

2မှောင်မိုက် ထဲမှာ သွားလာ သောလူ များတို့သည် ကြီး စွာသော အလင်း ကိုမြင် ရ၍၊ သေမင်း ၏နိုင်ငံ အရိပ် တွင် ရှိနေ သောသူ တို့ ၌ အလင်း ပေါ်ထွန်း လျက်ရှိ၏။

3ကိုယ်တော်သည် အမျိုးသား တို့ကို များပြား စေ၍၊ သူ တို့၏ ဝမ်းမြောက် ခြင်းကို တိုးပွား စေတော်မူ၏။ စပါးကို စုသိမ်း ရာကာလ၌ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ လုယူသော ဥစ္စာ ကို ဝေ သောသူ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ ရှေ့ တော်၌ သူတို့သည် ဝမ်းမြောက် ကြပါ၏။

4အကြောင်း မူကား၊ မိဒျန် လက်ထက် ၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူ တို့ထမ်း ရသောထမ်းဘိုး ၊ ကျော ၌ခံရသောတုတ် ကို၎င်း၊ ညှဉ်းဆဲ သောသူ၏ လှံတံ ကို၎င်းချိုး တော်မူပြီ။

5စစ်တိုက် သောသူရဲ၏ ခြေစွပ် နှင့် အသွေး လူး သော အဝတ် တန်ဆာရှိသမျှ တို့သည် မီးရှို့ ဘို့ မီးစာ ဖြစ် ရကြ လိမ့်မည်။

6အကြောင်း မူကား၊ ငါ တို့အဘို့ သူငယ် ကို ဘွားမြင် ၏။ ငါ တို့အား သား ကိုသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိ လိမ့်မည်။ နာမ တော်မူကား အံ့ဩ ဘွယ်၊ တိုင်ပင် ဘက်၊ တန်ခိုး ကြီးသောဘုရား သခင်၊ ထာဝရ အဘ၊ ငြိမ်သက် ခြင်းအရှင် ဟု ခေါ်ဝေါ် သမုတ် ခြင်းကိုခံ တော်မူလိမ့်မည်။

7ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။

8ထာဝရ ဘုရားသည် ဗျာဒိတ် တော်ကို ယာကုပ် အမျိုးသို့ လွှတ် ၍ ၊ ဣသရေလ အမျိုးအပေါ် မှာ သက်ရောက် စေတော်မူ၏။

9အုတ် ရိုးပြို သော်လည်း ၊ ဆစ် သောကျောက်နှင့် တည် ပြန်မည်။

10သဖန်းပင် များကို ခုတ်လှဲ သော်လည်း ၊ သူတို့ အရာ၌ အာရဇ် ပင်များကို စိုက် ထားမည်ဟု မာန ကြီးမားထောင်လွှားသော ရှမာရိ မြို့သား မှစ၍ ဧဖရိမ် လူ အပေါင်း တို့သည် သိ ရကြလိမ့်မည်။

11ထာဝရဘုရား သည်လည်း ၊ ထိုသူ တို့တဘက် ၌ ရေဇိန် မင်း၏ရန်သူ တို့ကို ချီးမြှောက် ၍ ၊ ဧဖရိမ်အမျိုး၏ ရန်သူတို့ကို ထစေတော်မူသဖြင့်၊

12ရှေ့ ၌ကား ရှုရိ လူ၊ နောက် ၌ ကား ဖိလိတ္တိ လူတို့ သည် ပစပ် ဟ၍၊ ဣသရေလ အမျိုးကို ကိုက် စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။

13ဤလူ မျိုးသည် ဒဏ်ခတ် တော်မူသောသူထံ သို့ မ လှည့် မပြန်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို မ ရှာ မဖွေတတ်။

14ထိုကြောင့် ၊ ထာဝရဘုရား သည် ဣသရေလ အမျိုးမှ ဦးခေါင်း နှင့် အမြီး ကို၎င်း၊ စွန်ပလွံ လက်နှင့် ကိုင်း ပင်ကို၎င်းတနေ့ ခြင်းတွင် ခုတ် ဖြတ်တော်မူလိမ့်မည်။

15ဦးခေါင်း ကား၊ အသက် ကြီးသူနှင့် အသရေ ရှိသူ တည်း။ အမြီး ကား၊ မုသာ ကိုဟော ပြောသော ပရောဖက် တည်း။

16ဤ လူမျိုး ကို လမ်းပြ သောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြ ကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက် ကြလိမ့်မည်။

17ထိုကြောင့် ၊ ထာဝရ ဘုရားသည် သူ တို့တွင် ရှိသောလူပျို တို့ကို အားရ တော်မ မူ။ မိဘ မရှိသောသူငယ် နှင့် မုတ်ဆိုးမ တို့ကို သနား တော်မ မူ။ ထိုသူ အပေါင်း တို့ သည် အဓမ္မ ပြုသောသူ၊ ဆိုးညစ် သောသူဖြစ်၍ ၊ မတရား သော စကားကိုပြော တတ်ကြ၏။ သို့ ဖြစ်၍၊ အမျက် တော် သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက် ရှိသေး ၏။

18အဓမ္မ သည် မီး ကဲ့သို့ လောင် တတ်၏။ ဆူးပင် အမျိုးမျိုးကို ကျွမ်း စေမည်။ တောအုပ် ကို လည်း မီးရှို့ သဖြင့်၊ အပင်တို့သည် မီးခိုး နှင့်တကွလွင့် တက်ကြလိမ့်မည်။

19ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမျက် တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။

20လက်ျာ ဘက်၌ ခုတ် ဖြတ်သော်လည်း ၊ ငတ်မွတ် လိမ့်မည်။ လက်ဝဲ ဘက်၌ ကိုက် စားသော်လည်း မ ဝ ရ။ အိမ်နီးချင်းအသား ကို လူ တိုင်းကိုက်စား ရလိမ့်မည်။

21မနာရှေ အမျိုးသည် ဧဖရိမ် အမျိုးကို၎င်း ၊ ဧဖရိမ် အမျိုးသည် မနာရှေ အမျိုးကို၎င်းကိုက်စားကြလိမ့်မည်။ ထိုနှစ် မျိုးတို့သည် ယုဒ အမျိုးကို တညီတညွတ်တည်းရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။

← Isaiah 8Read In The App, Free →Isaiah 10 →

Study Isaiah 9

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566