ရှင်ယာကုပ်ဩဝါဒစာ 1:27
ခမည်းတော် ဘုရားသခင့် ရှေ့ ၌ စင်ကြယ်သန့်ရှင်း သော သီလ ဟူမူကား ၊ မိဘမရှိ သောသူငယ်တို့နှင့် မုဆိုးမ တို့သည် ဆင်းရဲ ခံရသောအခါ၊ သူ တို့ကို ကြည့်ရှု ပြုစုခြင်း၊ ကိုယ်တိုင် လည်းလောကီ အညစ်အကြေး နှင့် ကင်းစင် အံ့သောငှာစောင့်ရှောက် ခြင်းပေတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 1
Cross References
Job 29:12အကြောင်း မူကား၊ ငါသည်ဆင်းရဲ သောသူ၊ မိဘ မရှိသောသူ၊ ကိုးကွယ် ရာမ ရသောသူ အော်ဟစ် သောအခါ ကယ်တင် တတ်၏။
Psalms 68:5ဘုရား သခင်သည် သန့်ရှင်း သော ဘုံ ဗိမာန်တော်၌ စံပယ်လျက်၊ မိဘ မရှိသောသူတို့ ၏ အဘ ဖြစ်၍ ၊ မုတ်ဆိုးမ တို့ဘက်မှာ တရား စီရင်တော်မူ၏။
Isaiah 1:16ကိုယ်ကိုကိုယ်ဆေးကြော ကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ် စေကြလော့။ သင် တို့ဒုစရိုက် များကို ငါ့ မျက်မှောက် မှ ပယ်ရှား ကြလော့။ မကောင်း သောအကျင့် ကို ဖြတ် ကြလော့။
Isaiah 58:6ငါနှစ်သက် သောအစာရှောင် ခြင်းဟူမူကား ၊ မတရား သော အချည် အနှောင်ကို ချွတ် ခြင်း၊ လေးသော ဝန် ကိုချ ခြင်း၊ ညှဉ်းဆဲ ခံရသောသူတို့ ကို လွှတ် ခြင်း၊ ထမ်းဘိုး ရှိသမျှ ကို ချိုး ခြင်းမ ဟုတ်လော။
Matthew 25:34ထိုအခါ လက်ျာ တော်ဘက် ၌ရှိသော သူ တို့အား မင်းကြီး က၊ ငါ့ ခမည်းတော် ထံ ကောင်းကြီး မင်္ဂလာကိုခံသောသူ တို့၊ ကမ္ဘာ ဦး ကပင် သင်တို့ အဘို့ ပြင်ဆင် သောနိုင်ငံ ကို လာ ၍ အမွေခံ ကြလော့။
John 17:14ကိုယ်တော် ၏နှုတ်ကပတ် တရားကို ဤသူ တို့အား အကျွန်ုပ် ပေး ပါပြီ။ အကျွန်ုပ် သည် ဤလောက နှင့် မ ဆက်ဆံသကဲ့သို့ ဤသူတို့သည် မ ဆက်ဆံသောကြောင့် ၊ လောကီသား တို့သည် ဤသူ တို့ကို မုန်း ကြပါ၏။