ရှင်ယာကုပ်ဩဝါဒစာ 3:5
ထိုနည်းတူ ၊ လျှာ သည်ငယ် သော အင်္ဂါ ဖြစ် သော်လည်း အလွန် ဝါကြွား တတ်၏။ အဘယ်မျှလောက်များစွာသောထင်း ကို အနည်းငယ် သာ မီး သည်ညှိ နိုင်သည်ကို ကြည့် ပါလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 3
Cross References
Exodus 5:2ဖါရော မင်းကလည်း ၊ ထာဝရဘုရား ၏စကား ကို နားထောင် ၍ ၊ ဣသရေလ အမျိုးသားတို့ကို ငါလွှတ် စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရား ကို ငါမ သိ ၊ ဣသရေလ အမျိုးသားတို့ကို ငါမ လွှတ် ဟု ဆို လေ၏။
2 Kings 19:22သင်သည် အဘယ်သူ ကိုကဲ့ရဲ့ ဆဲရေး သနည်း။ အဘယ်သူ ကို အော်ဟစ် ၍ မျက်နှာ ထောင်လွှား သနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ပင် ပြု ပါ သည်တကား
Job 22:17အခြေအမြစ် ပယ်ရှင်း ခြင်းကို ခံရသောသူတည်းဟူသောဘုရား သခင်အား ငါ တို့ထံမှ ထွက်သွား လော့ဟူ၍ ၎င်း ၊ အနန္တ တန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြု နိုင်သနည်းဟူ၍၎င်း၊ဆိုတတ်သောအဓမ္မ လူ တို့လိုက် ဘူးသော လမ်း ဟောင်း ကိုသင်သည်လိုက် ဦးမည်လော။
Psalms 12:2အိမ်နီးချင်း တို့သည် တ ဦးကိုတဦးမုသာ သုံး၍ ချော့မော့ သော နှုတ်ခမ်း ၊ နှစ်ခွ သောစိတ် နှင့် ပြော တတ် ကြပါ၏။
Psalms 52:1အားကြီး သော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွား သနည်း။ ဘုရား သခင်၏ ကရုဏာ တော်သည် အစဉ် မပြတ်တည်၏။
Proverbs 12:18သန်လျက် နှင့်ထိုး သကဲ့သို့ စကား ပြောတတ် သော လူတချို့ရှိ ၏။ ပညာရှိ တို့၏ လျှာ မူကား အနာ ကို ပင် ပျောက်စေတတ်၏။