ရှင်ယာကုပ်ဩဝါဒစာ 4:12
ပညတ် တရားကို ထားပိုင်သောသူ၊ စစ်ကြော စီရင်ပိုင်သောသူ တစ်ပါးတည်း ရှိ တော်မူ၏။ ထိုသူ သည် ကယ်တင် ခြင်းငှာ၎င်း ၊ ဖျက်ဆီး ခြင်းငှာ၎င်း၊ တတ်နိုင် တော်မူ၏။ သူ တစ်ပါး ကိုစစ်ကြော စီရင်သောသင် သည်ကား အဘယ်သူ နည်း ။
မြန်မာကျမ်းစာ
In The King James Version
There is one lawgiver, who is able to save and to destroy: who art thou that judgest another?
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 4
Cross References
Job 38:2ပညာ မ ရှိဘဲစကား ပြောကာမျှနှင့် ငါ့အကြံ ကို မိုက် စေသော ဤ သူကား အဘယ်သူ နည်း။
Matthew 10:28တနည်းကားကိုယ်ခန္ဓါ ကိုသာသတ် ၍ စိတ် ဝိညာဉ်ကို မ သတ် နိုင် သော သူတို့ ကို မ ကြောက် ကြနှင့်။ ကိုယ်ခန္ဓါ နှင့် စိတ် ဝိညာဉ်ကို ငရဲ ၌ ဖျက်ဆီး နိုင် သောသူ ကိုသာ၍ ကြောက် ကြလော့။
Romans 2:1သူတစ်ပါး ကို စစ်ကြော စီရင်တတ်သောသူ ၊ သင်သည်ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။ အကြောင်းမူကား ၊ သင်သည်စစ်ကြောစီရင်သောအမှုကိုပင်ကိုယ်တိုင်ပြု သည်ဖြစ်၍ ၊ သူတစ်ပါး ကို စစ်ကြော စီရင်သည်တွင် ကိုယ် အပြစ်ရှိကြောင်းကို စီရင် ဆုံးဖြတ်ရာရောက်၏။
Romans 14:4သူတစ်ပါး ပိုင်သော လူ ကိုစစ်ကြော စီရင်သော သင် သည် အဘယ်သူ နည်း။ သူ သည်မိမိ သခင် စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း၊ အပြစ်ခံ ခြင်းသို့ ရောက်ရ၏။ သူသည်အပြစ် လွတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား ၊ ဘုရားသခင် သည် သူ ၏ အပြစ်ကို လွှတ် ခြင်းငှာတတ်နိုင် တော်မူ၏။
Hebrews 7:25ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှု အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် ကြ၏၊ ထိုသူ တို့၏ အမှုကို ကိုယ်တော်သည် စောင့် လျက်၊ ကာလအစဉ် အသက် ရှင်သောကြောင့် ၊ သူတို့ကို အစဉ် ကယ်တင် ခြင်းငှာ တတ်နိုင် တော်မူ၏