ရှင်ယာကုပ်ဩဝါဒစာ 4:11
ညီအစ်ကို တို့၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့ ခြင်းကိုမ ပြုကြနှင့်။ ညီအစ်ကို ချင်းကို ကဲ့ရဲ့ ၍ ၊ သူ ၌အပြစ်ရှိသည်ဟု စီရင် သောသူ သည် တရား ကို ကဲ့ရဲ့ ၏။ တရား ၌အပြစ်ရှိသည်ဟုစီရင် ၏။ ထိုသို့ ပြုလျှင် ၊ သင်သည်တရား ကို ကျင့် သောသူမ ဟုတ်၊ တရား ကို စစ်ကြော စီရင်သောသူဖြစ် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 4
Cross References
Psalms 140:11ကဲ့ရဲ့ တတ်သောသူ သည် မြေ ပေါ် မှာ နေရာ မ မြဲ ပါစေနှင့်။ ကြမ်းတမ်း သောသူ ကိုလည်း ဖျက်ဆီး သည် တိုင်အောင် ဘေးဥပဒ် သည် လိုက် ပါစေသော။
Luke 6:37သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မ ပြုကြနှင့်။ မ ပြုလျှင်သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်း နှင့် ကင်းလွတ် ကြလိမ့်မည်။ သူတစ်ပါးကို အပြစ် မ စီရင်ကြနှင့် ။ မ စီရင်လျှင် သင်တို့သည် အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ် ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ် လိမ့်မည်။
Romans 2:13အကြောင်းမူကား ၊ တရား နာ သောသူသည် ဘုရားသခင် ရှေ့ ၌ ဖြောင့်မတ် သည်မ ဟုတ်။ တရား ကို ကျင့် သောသူသာလျှင် ဖြောင့်မတ် ရာသို့ ရောက်လိမ့်မည်။
Romans 7:12ထိုကြောင့် ၊ တရား တော်သည်သန့်ရှင်း ခြင်းရှိ၏။ ပညတ် တရားလည်း သန့်ရှင်း ခြင်း၊ ဖြောင့်မတ် ခြင်း၊ ကောင်းမြတ် ခြင်းရှိ၏။
Romans 14:10သင် သည် ညီအစ်ကို ချင်းကို အဘယ်ကြောင့် စစ်ကြော စီရင်သနည်း။ ညီအစ်ကို ချင်းကို အဘယ်ကြောင့် မထီမဲ့မြင် ပြုသနည်း။ ငါတို့ရှိသမျှ သည် ခရစ်တော် ၏ တရား ပလ္လင်တော်ရှေ့ သို့ ရောက်ရကြမည်။
2 Corinthians 12:20ငါရောက်လာ သောအခါ၊ သင် တို့သည် ငါ နှစ်သက် သောသူမ ဖြစ်၊ ငါ သည်လည်း သင် တို့ မ နှစ်သက် သောသူ ဖြစ်မည်ဟူ၍၎င်း၊ သင်တို့၌ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်း၊ အမျက်ထွက် ခြင်း၊ ငြင်းခုံခြင်း၊ သူ့ အသရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာန ထောင်လွှားခြင်း၊ အချင်းချင်း အမှုလုပ်ခြင်းဖြစ်မည်ဟူ၍၎င်း၊