The Bible Software
bible.software › ရှင်ယာကုပ်ဩဝါဒစာ › ရှင်ယာကုပ်ဩဝါဒစာ 5 › ရှင်ယာကုပ်ဩဝါဒစာ 5:10

ရှင်ယာကုပ်ဩဝါဒစာ 5:10

ငါ့ညီအစ်ကို တို့၊ ထာဝရ ဘုရား၏ နာမ တော်ကို အမှီပြု ၍ ဟောပြော သော ပရောဖက် တို့သည် ဆင်းရဲ ဒုက္ခတွေ့ခြင်း၊ သည်းခံ ခြင်း၏ ပုံ သက်သေကို ပြ ကြပြီဟုမှတ်ကြလော့။

မြန်မာကျမ်းစာ

In The King James Version

Take, my brethren, the prophets, who have spoken in the name of the Lord, for an example of suffering affliction, and of patience.

In Context

9ညီအစ်ကို တို့၊ စစ်ကြော စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ အချင်းချင်း ငြင်းခုံ ပြစ်တင်ခြင်း ကို မ ပြုကြနှင့်။ တရား စီရင် ပိုင်သောသူ သည် တံခါး နား မှာ ရှိ တော်မူ၏။

11သည်းခံ နိုင်သောသူ တို့သည် မင်္ဂလာ ရှိသောသူဟူ၍ငါတို့သည် ခေါ်ကြ၏။ ယောဘ သည် သည်းခံ ကြောင်းကို သင်တို့ကြား ရကြပြီ။ ထာဝရ ဘုရားသည် မိမိအမှုကို လက်စသတ် တော်မူရာမှာ အလွန် သနား စုံမက် တော်မူကြောင်းကိုလည်း သိမြင် ရ ကြပြီ။

Read all of ရှင်ယာကုပ်ဩဝါဒစာ 5

Cross References

Isaiah 39:8ဟေဇကိ မင်းကလည်း ၊ သင်ပြန် ရသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကောင်း ပါ၏ဟူ၍၎င်း၊ အကယ် စင်စစ်ငါ့ လက်ထက် ၌ ငြိမ်သက် ခြင်းနှင့် သစ္စာစောင့် ခြင်းရှိ ရလိမ့်မည်ဟူ၍၎င်း၊ ဟေရှာယ အား ဆို လေ ၏။

Jeremiah 23:22ထိုသူတို့သည် ငါ နှင့် တိုင်ပင်ဘက် ပြု လျှင် ၊ ငါ့ စကား ကို ငါ၏ လူမျိုးအားဆင့်ဆို ၍ ၊ ငါ ၏လူမျိုး ကို မတရား သော လမ်း မှ ၎င်း ၊ မကောင်း သောအကျင့် ဓလေ့မှ ၎င်း လွဲသွား စေကြပြီ။

Matthew 5:11ငါ့ ကြောင့် သင် တို့ကို ကဲ့ရဲ့ ညှဉ်းဆဲ၍ မမှန် ဘဲလျက် အပြစ် တကာ တင်ကြသောအခါ ၊ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။

Matthew 23:34ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက် ပညာရှိ ကျမ်းပြု ဆရာတို့ကို သင် တို့ရှိရာ သို့ ငါ စေလွှတ် ၏။ ထိုသူ အချို့တို့ကိုကွပ်မျက် ၍ လက်ဝါးကပ်တိုင် ၌သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ် ၌ ရိုက် ၍ တစ် မြို့မှ တစ် မြို့သို့ ညှဉ်းဆဲ နှင်ထုတ်ကြလိမ့်မည်။

Luke 13:34အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင် ရှိရာ သို့ စေလွှတ် သောသူ တို့ကိုလည်းကျောက်ခဲ နှင့်ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံးသကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ၏။ သင်မူကား အလို မ ရှိ။

Acts 7:52သင် တို့ဘိုးဘေး များသည် အဘယ် ပရောဖက် ကို မျှ မ ညှဉ်းဆဲ ဘဲ နေသနည်း။ ဖြောင့်မတ် သောသူ ကြွလာ တော်မူမည်အကြောင်း အရာကို ဟောပြော ပြညွှန်သော သူ တို့ကို ကွပ်မျက် ကြ၏။ ထို ဖြောင့်မတ်သောသူကိုပင် ယခု လည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်ယာကုပ်ဩဝါဒစာ 5:10

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ရှင်ယာကုပ်ဩဝါဒစာ 5:9ရှင်ယာကုပ်ဩဝါဒစာ 5ရှင်ယာကုပ်ဩဝါဒစာ 5:11 →