ယေရမိအနာဂတ္တိကျမ်း 1:13
တဖန်ထာဝရ ဘုရား၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ငါ့ ဆီသို့ ရောက် ၍ ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက် သော အိုး ကင်းကို မြင် ပါ၏။ မြောက် ဘက်သို့ မျက်နှာ ပြုလျက်ရှိပါ၏ဟု လျှောက် လျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
14ထာဝရဘုရား က၊ မြောက် မျက်နှာဘက်က ဘေးဥပဒ် သည်၊ ဤပြည် သား တို့အပေါ် သို့ ထွက်လာလိမ့်မည်။
Read all of ယေရမိအနာဂတ္တိကျမ်း 1
Cross References
Genesis 41:32ဖါရော ဘုရင်သည် ထပ်၍ အိပ်မက် မြင်ရသည် အရာမှာ၊ ထိုအမှု ကို ဘုရားသခင် မြဲမြံ ခိုင်ခံ့စေ၍ အလျင်အမြန် စီရင် တော်မူလိမ့်မည်။
Jeremiah 24:3ထာဝရဘုရား ကလည်း ၊ ယေရမိ ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ အကျွန်ုပ်သည် သင်္ဘောသဖန်း သီးကို မြင်ပါ၏။ ကောင်း သော သင်္ဘော သဖန်းသီးသည် အလွန်ကောင်း ပါ၏။ ညံ့ သော သင်္ဘေသဖန်းသီးသည် မ စား နိုင်အောင် အလွန် ညံ့ ပါသည်ဟု ပြန်လျှောက် ၏။
Ezekiel 11:7ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့ထား သော သူရဲ တို့သည် အမဲသား ဖြစ်၏။ ဤ မြို့သည် အိုးကင်း ဖြစ်၏။ သို့သော်လည်း ၊ သင် တို့ကို မြို့ ထဲ က ငါထုတ် မည်။
Ezekiel 24:3ပုန်ကန် တတ်သော အမျိုး အား လည်း ပုံ စကား တည်းဟူသော၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ၊ အိုးကင်း ကို မီးဖို၌ တင် ထား၍ ရေ ကိုလောင်း လော့။
Zechariah 4:2သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး လျှင် ၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု ၍ ရွှေ အတိပြီးသော ဆီမီးခုံ ကို မြင် ပါ၏။ မီးခုံ တိုင်အဖျား ၌ ဆီအိုး တလုံး၊ မီးခွက် ခုနစ် လုံး၊ ဆီအိုးနှင့် မီးခွက် ခုနစ် လုံး ဆက်သော ပြွန်တံ ခုနစ် တံရှိပါ၏။