The Bible Software
ယေရမိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ယေရမိအနာဂတ္တိကျမ်း 1

1ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းနန်းစံ ဆယ်သုံး နှစ် တွင် ၎င်း၊ ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် လက်ထက် ၌ ၎င်း ၊

2ယုဒ ရှင်ဘုရင် ယောရှိ သား ဇေဒကိ မင်းနန်းစံဆယ်တ နှစ် စေ့ ၍ ပဉ္စမ လ တွင် ၊ ယေရုရှလင် မြို့သားတို့ကိုသိမ်းသွား ချုပ်ထားသည်တိုင်အောင်၊

3ထာဝရဘုရား ၏ဗျာဒိတ် တော်ကိုခံရ သော ဗင်္ယာမိန် ပြည် ၊ အာနသုတ် မြို့နေဟိလခိ သား ယဇ်ပုရောဟိတ် ယေရမိ စကား မှာ၊

4ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍ မိန့် တော်မူသည်ကား၊

5သင့်ကိုအမိဝမ်း ထဲ ၌ငါမဖန်ဆင်း မှီ သင့် ကို ငါသိ ပြီ။ မ ဘွား မှီကပင် သင့် ကို ငါသန့်ရှင်း စေ၍၊ လူ အမျိုးမျိုးတို့အဘို့ ၊ ပရောဖက် အရာ၌ ခန့် ထားပြီဟု မိန့်တော်မူ၏။

6ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် မ ဟော မပြောတတ်ပါ။ သူငယ် ဖြစ်ပါ၏ဟု လျှောက် လျှင် ၊

7ထာဝရဘုရား ကလည်း ၊ အကျွန်ုပ် သည် သူငယ် ဖြစ်ပါ၏ဟု မ ပြော နှင့်။ အကြင် သူရှိရာသို့ သင့် ကို ငါ စေလွှတ် ၏၊ ထိုသူရှိရာသို့ သင်သွား ရမည်။ အကြင် စကားကို ငါမှာ ထား၏၊ ထို စကားကို သင် ဆင့်ဆို ရမည်။

8သူ တို့ကိုမ ကြောက် နှင့်။ သင့် ကို ကယ်နှုတ် ခြင်းငှါ သင် နှင့် အတူငါ ရှိသည်ဟု မိန့် တော်မူပြီးမှ၊

9လက် တော်ကိုဆန့် ၍ ငါ့ နှုတ် ကိုတို့ တော်မူလျက် ၊ သင် ၏နှုတ် ၌ ငါ့ စကား ကို ငါသွင်း ထားပြီ။

10ကြည့်ရှု လော့။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက် လှဲရသောအခွင့်၊ တည် ဆောက်စိုက်ပျိုး ရသောအခွင့်နှင့် သင့်ကို လူ အမျိုးမျိုးတို့၏ တိုင်း နိုင်ငံများ အပေါ် မှာ ယနေ့ ငါခန့် ထားပြီဟု မိန့် တော်မူ၏။

11တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍၊ ယေရမိ ၊ သင် သည်အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ငါ က၊ အကျွန်ုပ်သည် ဗာတံ ကိုင်း ကို မြင် ပါ၏ဟု လျှောက် သော် ၊

12ထာဝရဘုရား က၊ သင်သည်မှန်ကန် စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့ စကား ကို ပြည့်စုံ စေခြင်းငှါ ၊ ငါ စောင့် နေမည်ဟု မိန့် တော်မူ၏။

13တဖန်ထာဝရ ဘုရား၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ငါ့ ဆီသို့ ရောက် ၍ ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက် သော အိုး ကင်းကို မြင် ပါ၏။ မြောက် ဘက်သို့ မျက်နှာ ပြုလျက်ရှိပါ၏ဟု လျှောက် လျှင်၊

14ထာဝရဘုရား က၊ မြောက် မျက်နှာဘက်က ဘေးဥပဒ် သည်၊ ဤပြည် သား တို့အပေါ် သို့ ထွက်လာလိမ့်မည်။

15အကြောင်း မူကား၊ မြောက် တိုင်း နိုင်ငံသား အမျိုးမျိုး အပေါင်းတို့ကို ငါ ခေါ် ၍၊ သူတို့သည် လာ ပြီးလျှင် ၊ ယေရုရှလင် မြို့တံခါး ဝ များတို့၌၎င်း ၊ မြို့ရိုး ပတ်ဝန်းကျင် အရပ်ရပ် တို့၌၎င်း ၊ ယုဒ မြို့ ရွာအလုံးစုံ တို့၌ ၎င်း မိမိ တို့ ရာဇပလ္လင် များကို အသီးအသီး တည် ထားကြလိမ့်မည်။

16ပြည်သူပြည်သားတို့သည် ငါ့ ကိုစွန့် သောအပြစ်၊ အခြားသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ သော အပြစ်၊ မိမိ တို့လက် ဖြင့် လုပ် သော အရာကို ကိုးကွယ် သောအပြစ် ရှိသမျှ တို့ကြောင့် ၊ သူ တို့ကို ငါ စစ်ကြော ၍၊ အပြစ်နှင့်အလျောက်စီရင် မည်။

17သို့ဖြစ်၍သင် သည် ခါးပန်း ကို စည်း ၍ ထ လော့။ ငါ မှာ ထားသမျှ ကို သူ တို့အား ဟော ပြောလော့။ သူ တို့ ရှေ့ မှာ သင့် ကို ငါအရှက်မခွဲရမည်အကြောင်းသူ တို့ကို မ ကြောက် နှင့်။

18ကြည့်ရှု လော့။ ယုဒ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားတည်းဟူသောတနိုင်ငံ လုံး တစ်ဘက် ၌၊ ခိုင်ခံ့ သော မြို့ ၊ သံ တိုင် ၊ ကြေးဝါ ထရံ အရာ၌ သင့် ကို ယနေ့ ငါခန့် ထား၏။

19သူတို့သည် သင့် ကို စစ်တိုက် ၍ မ နိုင် ရကြ။ သင့် ကို ကယ်နှုတ် ခြင်းငှါ ၊ သင် နှင့် အတူငါ ရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

← Isaiah 66Read In The App, Free →ယေရမိအနာဂတ္တိကျမ်း 2 →

Study ယေရမိအနာဂတ္တိကျမ်း 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940414243444546474849505152