The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 10 › ယေရမိအနာဂတ္တိကျမ်း 10:19

ယေရမိအနာဂတ္တိကျမ်း 10:19

ငါသည် ချိုးဖျက်ခြင်းကိုခံရသောကြောင့် အမင်္ဂလာရှိ၏။ ငါ့အနာ ပြင်းလှ၏။ သို့သော်လည်း၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို၏။

1835 Judson Burmese Bible

In The King James Version

Woe is me for my hurt! my wound is grievous: but I said, Truly this is a grief, and I must bear it.

In Context

18ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုပင် ငါသည်လောက် လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သားများကို လောက်လွှဲထဲကပစ်၍၊ ရန်သူတို့ လက်သို့ရောက်စေခြင်း ငှါ ညှဉ်းဆဲမည်ဟု မိန့်တော်မူ၏။

20ငါ့တဲလည်းပျက်၏။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ၏။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့တဲကို ဆောက်ရသောသူ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူမရှိ။

Read all of ယေရမိအနာဂတ္တိကျမ်း 10

Cross References

Psalms 77:10ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ၏။ ဤအမှုကား၊ အမြင့်ဆုံးသော ဘုရား၏ လက်ျာလက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။

Jeremiah 4:19ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည်နာ၏။ ငါ့နှလုံးအရေဖျားလည်းနာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး ၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အိုငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။

Jeremiah 8:21ငါ၏လူမျိုးသတို့သမီးသည် နာသောကြောင့်၊ ငါလည်းနာရ၏။ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။

Jeremiah 14:7အိုထာဝရဘုရား၊ အကျွန်ုပ်တို့၏ အပြစ်သည် အကျွန်ုပ်တို့တဘက်၌ သက်သေခံသော်လည်း၊ နာမတော် ကို ထောက်၍စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ။ ကိုယ်တော်ကို ပြစ်မှား ပါပြီ။

Jeremiah 17:13အိုဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သော သူအပေါင်းတို့သည် အရှက်ကွဲ ရကြပါလိမ့် မည်။ ငါ့ထံမှ ထွက်သွားသော သူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေ တွင်းတည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြ သတည်း။

Lamentations 1:12အိုခရီးသွားသောသူ အပေါင်းတို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရားသည် ပြင်းစွာအမျက် တော်ထွက်သော နေ့၌ငါ့ကိုညှဉ်းဆဲ၍၊ ဖြစ်စေတော်မူ သော ဒုက္ခနှင့်တူသော ဒုက္ခရှိသလော။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 10:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 10:18ယေရမိအနာဂတ္တိကျမ်း 10ယေရမိအနာဂတ္တိကျမ်း 10:20 →