ယေရမိအနာဂတ္တိကျမ်း 10:21
အကြောင်း မူကား၊ သိုးထိန်း တို့သည် တိရစ္ဆာန် သဘော ရှိ၍ ၊ ထာဝရဘုရား ကို မ ရှာဖွေ သောကြောင့် အကြံ မမြောက်ရကြ။ သိုးစု အပေါင်း တို့သည် အရပ်ရပ်သို့ ကွဲပြား ရကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 10
Cross References
Jeremiah 2:8ယဇ် ပုရောဟိတ်တို့က၊ ထာဝရဘုရား သည် အဘယ်မှာ ရှိတော်မူသနည်းဟု မ မေး ကြ။ ကျမ်း တတ်တို့ သည် ငါ့ ကိုမ သိ ကြ။ သင်းအုပ် တို့သည် ငါ့ ကို ပြစ်မှား ကြ၏။ ပရောဖက် တို့သည် ဗာလ ကို အမှီပြု ၍ ဟောပြော လျက် ၊ ကျေးဇူး မဲ့ သောလမ်းသို့ လိုက် ကြ၏။
Jeremiah 8:9ပညာရှိ တို့သည် အရှက် ကွဲကြ၏။ ထိတ်လန့် ၍ ကျော့ကွင်း ထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပယ် ကြပြီ။ သူ တို့၌ ပညာ မည် မျှရှိသနည်း။
Jeremiah 10:14လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက် သက်ဝင်သက်မ ရှိ။
Jeremiah 23:1ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ ထံမှာကျက်စား သော သိုး တို့ကို ဖျက်ဆီး ၍ ၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။
Jeremiah 49:32သူ တို့ကုလားအုပ် အစရှိသော တိရစ္ဆာန် အပေါင်း တို့သည် လုယူ ရာဖြစ် ကြလိမ့်မည်။ ပါးမုန်း ကိုရိတ် တတ် သော လူမျိုးကိုအရပ်ရပ် သို့ ငါကွဲပြား စေမည်။ အရပ်ရပ် တို့မှ သူ တို့၌ ဘေးဥပဒ် ကိုငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Ezekiel 22:25ထိုပြည် အလယ် ၌ ပရောဖက် တို့သည် သင်းဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက် ၍အကောင် ကို ကိုက်ဖြတ် သော ခြင်္သေ့ ကဲ့သို့ လူ တို့ကို ကိုက်စား ကြ၏။ ဘဏ္ဍာ များနှင့် အဘိုး ထိုက်သော ဥစ္စာများကို လုယူ ကြ၏။ ပြည် အလယ် ၌ မုတ်ဆိုးမ တို့ကို များပြား စေကြ၏။