ယေရမိအနာဂတ္တိကျမ်း 13:26
ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှါ၊ သင်၏ အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။
1835 Judson Burmese Bible
In The King James Version
Therefore will I discover thy skirts upon thy face, that thy shame may appear.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 13
Cross References
Isaiah 47:3သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက် ကွဲခြင်းကို ခံရမည်။ ငါသည် အပြစ်ဒဏ်ကို ပေးမည်။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့။
Lamentations 1:8ယေရုရှလင်မြို့ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံ့ရှာဘွယ် ဖြစ်လေ၏။ သူ့ကို ရိုသေဘူးသောသူ အပေါင်းတို့သည် သူ၌အချည်းစည်းရှိ ခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည် လည်း ညည်းတွား၍ နောက်သို့ပြန်သွားလေ၏။
Ezekiel 23:29သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင် ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်းရှိ ရစ်စေကြလိမ့်ည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကို ပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။
Hosea 2:12ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။