The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 15 › ယေရမိအနာဂတ္တိကျမ်း 15:19

ယေရမိအနာဂတ္တိကျမ်း 15:19

ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ပြန်လာလျှင်၊ သင့်ကိုငါဆောင်ခဲ့၍၊ သင်သည် ငါ၏အမှုကို ထမ်းရလိမ့်မည်။ သင်သည် မြတ်သောအရာ နှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင်၊ ငါ့နှုတ် ကဲ့သို့ ဖြစ်ရလိမ့်မည်။ သူတို့သည် သင့်ထံသို့ ပြန်လာကြ လိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်၍ မသွားရ။

1835 Judson Burmese Bible

In The King James Version

Therefore thus saith the LORD, If thou return, then will I bring thee again, and thou shalt stand before me: and if thou take forth the precious from the vile, thou shalt be as my mouth: let them return unto thee; but return not thou unto them.

In Context

18အကျွန်ုပ်ခံရသော ဝေဒနာသည် အဘယ် ကြောင့် မြဲပါသနည်း။ မပျောက်လို၊ မပျောက်နိုင်သော အနာကို အဘယ်ကြောင့် ခံရပါသနည်း။ အကယ်စင်စစ် ကိုယ်တော်သည် ပျောက်တတ်၍၊ လှည့်စားသောရေကဲ့သို့ အကျွန်ုပ်၌ ဖြစ်တော်မူပါပြီတကား။

20ငါသည်လည်း သင့်ကို ဤလူမျိုးတဘက်၌ ခိုင်ခံ့ သော ကြေးဝါမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကို တိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နှုတ်ယူကယ်တင် ခြင်းငှါ သင့်ဘက်၌နေမည်။

Read all of ယေရမိအနာဂတ္တိကျမ်း 15

Cross References

Exodus 4:12သို့ဖြစ်၍ယခုသွားလော့။ သင်၏ နှုတ်၌ ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏။

Exodus 6:29ငါသည် ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းအား ပြန်ပြောရမည် ဟု မောရှအား ထာဝရဘုရား မိန့်တော်မူ၏။

Leviticus 14:57ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍ သိစေခြင်းငှါ၊ ဗောက်နူနာအစရှိသော နူနာအမျိုးမျိုး၊ အဝတ်၌ စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖူး၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။

Proverbs 22:29ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။

Jeremiah 1:9လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ။

Jeremiah 15:10အို မိခင်၊ ငါ၌ အမင်္ဂလာရှိ၏။ မိခင်သည် တပြည်လုံးရန်တွေ့ သောသူ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဘွားမြင်ပါပြီ။ ငါသည် သူတပါး ကိုအတိုးနှင့်မချေး။ သူတပါးသည်လည်း ငါ့ကိုအတိုးနှင့်မချေး။ သို့သော် လည်း၊ လူခပ်သိမ်းတို့သည် ငါ့ကိုကျိန်ဆဲ တတ်ကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 15:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 15:18ယေရမိအနာဂတ္တိကျမ်း 15ယေရမိအနာဂတ္တိကျမ်း 15:20 →