ယေရမိအနာဂတ္တိကျမ်း 19:13
အကြင်အိမ်မိုး အပေါ် မှာ ကောင်းကင် တန်ဆာ ရှိသမျှ တို့အား နံ့သာ ပေါင်းကို မီးရှို့၍ ၊ အခြား တပါးသော ဘုရား များရှေ့ ၌ သွန်းလောင်း ရာပူဇော်သက္ကာပြု ၏။ ထို အိမ် ရှိသမျှ တို့နှင့်တကွယေရုရှလင် မြို့ အိမ် များ၊ ယုဒ ရှင်ဘုရင် ၏ နန်းတော် များတို့သည် တောဖက် အရပ် ကဲ့သို့ မစင်ကြယ် ဖြစ်ရကြလိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထားတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
12ဤ အရပ် ၌၎င်း ၊ ဤအရပ် သားတို့၌ ၎င်း ၊ ဤ သို့ငါပြု ၍ ဤ မြို့ ကို တောဖက် အရပ်ကဲ့သို့ ဖြစ် စေမည်။
Read all of ယေရမိအနာဂတ္တိကျမ်း 19
Cross References
Deuteronomy 4:19မိုဃ်း ကောင်းကင်ကို မြော် ၍ ၊ နေ ၊ လ ၊ ကြယ် များ တည်းဟူသောမိုဃ်း ကောင်းကင်တန်ဆာ ရှိသမျှ တို့ကို မြင် သောအခါ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည်၊ မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သော လူမျိုး တို့ အား ဝေငှ ပေးကမ်းတော်မူသော ထိုတန်ဆာ တို့ကို ဝတ်ပြု ကိုးကွယ်စေခြင်းငှာ ၊ သူတပါးတို့သည် သွေးဆောင်၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြု ကြလော့။
2 Kings 23:12ယုဒ ရှင် ဘုရင်တို့သည် အာဟပ် မင်းတိုက် တော် အထက်ဆင့် အပေါ် မှာတည် ထားသော ယဇ် ပလ္လင်တို့နှင့် မနာရှေ မင်းသည် ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် တည် ထားသော ပလ္လင် တို့ကို ရှင်ဘုရင် ဖြိုချ ချေဖျက်၍ အမှုန့် ကို ကေဒြုန် ချောင်း ထဲသို့ ပစ် တော်မူ၏
Psalms 74:7သန့်ရှင်း ရာဌာနတော်ကို မီး ရှို့ ကြပါ၏။ နာမတော် ကျိန်းဝပ်ရာ တဲ တော်ကို မြေ တိုင်အောင် ရှုတ်ချ ကြပါ၏။
Isaiah 22:1ဗျာဒိတ် ရူပါရုံချိုင့် နှင့် ဆိုင်သော ဗျာဒိတ် တော် ကား၊ သင့် တမြို့လုံး သည် အိမ်မိုး ပေါ် သို့ တက် ရမည် အကြောင်း ၊ အဘယ် အမှု ရောက်သနည်း။
Jeremiah 32:29ဤ မြို့ ကို တိုက် သော ခါလဒဲ လူတို့သည်ဝင် ၍ မီးရှို့ ကြလိမ့်မည်။ ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုး ပေါ် မှာ နံ့သာပေါင်းကိုမီးရှို ၍ ၊ အခြား တပါးသော ဘုရား တို့အဘို့ သွန်းလောင်း ရာပူဇော် သက္ကာ ကိုပြုရာ အိမ် များနှင့် တကွ၊ တမြို့ လုံးကို မီးလောင် စေကြ လိမ့်မည်။
Jeremiah 52:13ဗိမာန် တော်၊ နန်း တော်၊ မင်း အိမ် ၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီး ရှို့ လေ၏။