The Bible Software
ယေရမိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ယေရမိအနာဂတ္တိကျမ်း 19

1ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် အိုးထိန်း သမားထံသို့သွား ၍ ရေဘူး ကိုယူ ပြီးလျှင် ၊ အသက်ကြီး သော လူ ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်အချို့ တို့နှင့်တကွ၊

2ဟရသိတ် တံခါး ပြင်၊ ဟိန္နုံ သား၏ ချိုင့်သို့ သွား ၍၊ ငါမိန့် တော်မူသည်အတိုင်း ကြွေးကြော် ရမည့်စကား ဟူမူကား၊

3အိုယုဒ ရှင် ဘုရင်များနှင့် ယေရုရှလင် မြို့သား များတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့ ။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်း ကြား သောသူတိုင်း နား ခါး သည်တိုင်အောင်၊ ငါ သည် ဤ အရပ် ၌ ဘေး ရောက် စေမည်။

4အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့်ပစ် ကြပြီ ။ ကိုယ်တိုင်မ သိ ၊ ဘိုးဘေးများမသိ ၊ ယုဒ ရှင် ဘုရင်များ မသိသော တကျွန်းတနိုင်ငံဘုရား တို့ ရှေ့ မှာ၊ ဤ အရပ်၌ နံ့သာပေါင်းကို မီးရှို့ သဖြင့်၊ ဤ အရပ် ကို တကျွန်း တနိုင်ငံမြေဖြစ် စေကြပြီ။ အပြစ် မရှိသောသူတို့ ၏ အသွေး နှင့် ဤ အရပ် ကို ပြည့် စေကြပြီ။

5ငါမ စီရင် မ မှာ ထား၊ ငါ အလျှင်းအလို မ ရှိသော ဝတ်တည်းဟူသော၊ ဗာလ ဘုရားရှေ့ မှာ မိမိ သား တို့ကို မီးရှို့ ၍၊ ပူဇော် ရာ ဝတ်ပြုခြင်းငှါ ၊ ဗာလ ဘုရားဘို့ ကုန်း တို့ကို တည် လုပ်ကြပြီ။

6သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို အရပ် ကို တောဖက် အရပ်ဟူ၍မ ခေါ် ၊ ဟိန္နုံ သား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက် ရာ ချိုင့် ဟူ၍ခေါ်ရသောအချိန် ကာလသည် ရောက် လိမ့်မည်။

7ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည်သော အကြံအစည် ကို ဤ အရပ် ၌ ငါဖျက် မည်။ ရန်သူ ၏ ထား ဖြင့် ၎င်း ၊ သတ်ခြင်းငှါရှာ သောသူ၏ လက် ဖြင့် ၎င်း ၊ သူ တို့ကို ငါဆုံး စေမည်။ သူ တို့အသေ ကောင် များကိုလည်း မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ငါထား မည်။

8ဤ မြို့ ကိုလည်း လူဆိတ်ညံ ရာ၊ ကဲ့ရဲ့ သံကို ကြားရာအရပ်ဖြစ် စေမည်။ လမ်း၌ရှောက် သွားသမျှ သောသူတို့ သည် ဤမြို့ ခံရသောဘေး အလုံးစုံ တို့ကို မြင်သောအခါ ၊ အံ့ဩ ၍ ကဲ့ရဲ့ သံကို ပြုကြလိမ့်မည်။

9သတ်ခြင်းငှါရှာကြံ သောရန်သူ များတို့သည် ဝိုင်း ၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ် လျက် နေ၍၊ ကိုယ် သား သမီး အသား ကို ငါစား စေမည်။ အချင်းချင်း တယောက်အသားကို တယောက်စား ကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊

10သင် နှင့် အတူသွား သောသူတို့ရှေ့ တွင်၊ ရေဘူး ကိုခွဲ လော့။

11ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား က၊ နောက် တဖန်မ ပြင် နိုင် အောင် ရေဘူး ကို ခွဲ သကဲ့သို့ ၊ ဤ လူ များနေသောဤ မြို့ ကို ငါခွဲ မည်။ တောဖက် အရပ်၌ သင်္ဂြိုဟ် ရာ မြေ မ လောက်အောင် သင်္ဂြိုဟ် ကြလိမ့်မည်။

12ဤ အရပ် ၌၎င်း ၊ ဤအရပ် သားတို့၌ ၎င်း ၊ ဤ သို့ငါပြု ၍ ဤ မြို့ ကို တောဖက် အရပ်ကဲ့သို့ ဖြစ် စေမည်။

13အကြင်အိမ်မိုး အပေါ် မှာ ကောင်းကင် တန်ဆာ ရှိသမျှ တို့အား နံ့သာ ပေါင်းကို မီးရှို့၍ ၊ အခြား တပါးသော ဘုရား များရှေ့ ၌ သွန်းလောင်း ရာပူဇော်သက္ကာပြု ၏။ ထို အိမ် ရှိသမျှ တို့နှင့်တကွယေရုရှလင် မြို့ အိမ် များ၊ ယုဒ ရှင်ဘုရင် ၏ နန်းတော် များတို့သည် တောဖက် အရပ် ကဲ့သို့ မစင်ကြယ် ဖြစ်ရကြလိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထားတော်မူ၏။

14ထိုအခါ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ် တော်မူရာ တောဖက် အရပ်က ၊ ယေရမိ သည် ပြန်လာ ၍ ဗိမာန် တော်တန်တိုင်း ၌ ရပ် လျက် ၊

15ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤမြို့သားတို့သည် ငါ့ စကား ကို နား မ ထောင်ခြင်းငှါ၊ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသောကြောင့် ၊ ငါခြိမ်း သမျှသော ဘေးဒဏ် တို့ကို၊ ဤ မြို့ ရွာ ရှိသမျှ တို့အပေါ် မှာ သက်ရောက် စေမည်ဟူသောအမိန့် တော်ကို လူ အပေါင်း တို့အား ဆင့်ဆို လေ၏။

← ယေရမိအနာဂတ္တိကျမ်း 18Read In The App, Free →ယေရမိအနာဂတ္တိကျမ်း 20 →

Study ယေရမိအနာဂတ္တိကျမ်း 19

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940414243444546474849505152