ယေရမိအနာဂတ္တိကျမ်း 2:21
အကောင်းဆုံးသော စပျစ် နွယ်ပင်အမျိုး စစ် ဖြစ်သော သင့် ကို ငါ စိုက်ပျိုး သော်လည်း ၊ သင်သည် ငါ့ ရှေ့ မှာ အဘယ် မျှလောက်ဖောက်ပြန် ၍၊ အမျိုး မစစ်သော စပျစ် နွယ်ပင်ဖြစ်ပါသည်တကား။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 2
Cross References
Genesis 26:3ယခု ဤပြည် ၌ တည်းခို ၍နေလော့။ သင့် ဘက် မှာ ငါနေ ၍ ကောင်းကြီး ပေးမည်။ အကြောင်းမူကား ၊ သင် နှင့် သင် ၏အမျိုးအနွယ် အား ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အဘ အာဗြဟံ အား ငါကျိန်ဆို သော စကားရှိသည်အတိုင်း ငါပြု မည်။
Exodus 15:17အို ထာဝရ ဘုရား၊ အမွေခံ တော်မူရာ တောင် တည်းဟူသောကျိန်းဝပ် တော်မူရာ ဘို့ ဖန်ဆင်း တော်မူသော အရပ်ထဲသို့ ကိုယ်တော်၏လူ တို့ကို သွင်း တော်မူလိမ့်မည်။ အို ထာဝရဘုရား ၊ လက် တော်နှင့် တည် တော်မူသော သန့်ရှင်း ရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
Deuteronomy 32:32သူ တို့စပျစ် နွယ်ပင်သည် သောဒုံ စပျစ် နွယ်ပင် မျိုး၊ ဂေါမောရ မြေ ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူ တို့ စပျစ်သီး သည် ခါး သောအပင်၏ အသီး ဖြစ်၍၊ စပျစ်သီးပြွတ် တို့သည် ခါး သောအရသာနှင့် ပြည့်စုံကြ၏။
Psalms 44:2တပါး အမျိုးသားတို့ကို လက် တော်ဖြင့် နှင်ထုတ် ၍ အကျွန်ုပ်တို့၏ ဘိုးဘေး များကို နေရာ ချတော်မူ၏။ တပါး အမျိုးသားတို့ကို နှိပ်စက် ၍ ဘိုးဘေး များကို ပြန့်ပွါး စေတော်မူ၏။
Psalms 80:9သူ ၏နေရာကိုပြုပြင် တော်မူသဖြင့် ၊ သူသည် အမြစ် ကျ ၍ တပြည် လုံးကို နှံ့ပြား ပါ၏။
Isaiah 1:21သစ္စာ ရှိသောမြို့ သည် အဘယ်သို့ မျောက်မထား ပြန်သနည်း။ အထက်က ဖြောင့်မတ် စွာ စီရင်ခြင်းနှင့်ပြည့် ၏။ တရား သည် သူ ၏အထဲ မှာ နေရာ ကျ၏။ ယခု မူကား ၊ လူအသက်ကိုသတ် သောသူတို့သည် နေရာ ကျကြ၏။