The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 20 › ယေရမိအနာဂတ္တိကျမ်း 20:11

ယေရမိအနာဂတ္တိကျမ်း 20:11

သို့သော်လည်း၊ ထာဝရဘုရားသည် အားကြီး သော သူရဲကဲ့သို့ ငါ့ဘက်၌ ရှိတော်မူ၏။ ထိုကြောင့်၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ၍ လဲကြ လိမ့်မည်။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြ လိမ့်မည်။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက် ခြင်း ရှိကြလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

But the LORD is with me as a mighty terrible one: therefore my persecutors shall stumble, and they shall not prevail: they shall be greatly ashamed; for they shall not prosper: their everlasting confusion shall never be forgotten.

In Context

10လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ် သိမ်းသော အရပ်တို့၌ ကြောက်မက်ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြားပြော ကြလော့။ ငါတို့သည် တဆင့်ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေ အပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသော စိတ်ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင်ကောင်း သွေး ဆောင်လိမ့်မည်ဟု ဆိုကြ၏။

12ဖြောင့်မတ်သော သူတို့ကို စုံစမ်း၍၊ နှလုံး ကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ရှေ့တော်၌ ဖွင့်ပြပါသည်ဖြစ်၍၊ သူတို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည်။

Read all of ယေရမိအနာဂတ္တိကျမ်း 20

Cross References

Deuteronomy 32:35အပြစ်တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။

Psalms 27:1ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။

Psalms 40:14အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေ သော။ အကျွန်ုပ်၌ အန္တရယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ရောက်ကြပါစေ သော။

Psalms 65:5အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ်သော အမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။

Isaiah 41:10မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။

Isaiah 45:16ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက် ကြောက်၍ မိန်းမောတွေဝေကြလိမ့်မည်။ အရှက်ကွဲ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 20:11

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 20:10ယေရမိအနာဂတ္တိကျမ်း 20ယေရမိအနာဂတ္တိကျမ်း 20:12 →