The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 20 › ယေရမိအနာဂတ္တိကျမ်း 20:12

ယေရမိအနာဂတ္တိကျမ်း 20:12

ဖြောင့်မတ်သော သူတို့ကို စုံစမ်း၍၊ နှလုံး ကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ရှေ့တော်၌ ဖွင့်ပြပါသည်ဖြစ်၍၊ သူတို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

But, O LORD of hosts, that triest the righteous, and seest the reins and the heart, let me see thy vengeance on them: for unto thee have I opened my cause.

In Context

11သို့သော်လည်း၊ ထာဝရဘုရားသည် အားကြီး သော သူရဲကဲ့သို့ ငါ့ဘက်၌ ရှိတော်မူ၏။ ထိုကြောင့်၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ၍ လဲကြ လိမ့်မည်။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြ လိမ့်မည်။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက် ခြင်း ရှိကြလိမ့်မည်။

13ထာဝရဘုရားအား သီချင်းဆိုကြလော့။ ထာဝရ ဘုရားကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ မတရား သဖြင့် ပြုသော သူတို့လက်မှ၊ ဆင်းရဲသောသူကို ကယ်နှုတ်တော်မူသတည်း။

Read all of ယေရမိအနာဂတ္တိကျမ်း 20

Cross References

2 Chronicles 24:22ထိုသို့သောရှမင်းကြီးသည် ဇာခရိအဘ ယော ယဒပြုသော ကျေးဇူးကို မအောက်မေ့၊ သားကို သတ်လေ သည်တကား။ ဖာခရိသေသောအခါ၊ ဤအမှုကို ထာဝရ ဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်ဟုဆို၏။

Psalms 11:5ထာဝရဘုရားသည် ဖြောင့်မတ်သော သူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလို သော သူကိုဝိညာဉ်တော်သည် မုန်းတော်မူ၏။

Psalms 26:2အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍၊ နှလုံး ကျောက်ကပ်ကို ဆေးကြောတော်မူပါ။

Psalms 59:10ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။

Psalms 86:4အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသပါသည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် ဝမ်းမြောက် မည်အကြောင်း ပြုတော်မူပါ။

Psalms 139:23အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ် အထင်များကိုလည်း သိမှတ်တော်မူပါ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 20:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 20:11ယေရမိအနာဂတ္တိကျမ်း 20ယေရမိအနာဂတ္တိကျမ်း 20:13 →