ယေရမိအနာဂတ္တိကျမ်း 21:1
ဇေဒကိ မင်းကြီး သည် မေလခိ သား ပါရှုရ နှင့်၊ ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ယေရမိ ထံသို့ စေလွှတ် ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို စစ်တိုက် သည်ဖြစ်၍၊ သူ့ကိုငါ့ တို့ထံမှ ပြန်သွား စေခြင်းငှါ ၊ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကိုပြုတော်မူသမျှ အတိုင်း ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 21
Cross References
2 Kings 22:13ယခု တွေ့ သော ကျမ်း စကား ကြောင့် ငါ့ အတွက် ၊ လူ များအတွက် ၊ ယုဒ အမျိုးသားအပေါင်း တို့အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ငါ တို့အဘို့ ဤ ကျမ်းစာ ၌ ရေးထား သမျှ သောစကား တို့ကို ဘိုးဘေး တို့သည် နား မ ထောင်မကျင့် ဘဲနေသောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်း စွာအမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏
2 Kings 25:18ကိုယ်ရံတော် မှူးသည် ယဇ်ပုရောဟိတ် မင်း စရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန်တော် တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏
1 Chronicles 9:12မာလခိ ၊ ပါရှုရ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယ နှင့် ဣမေရ ၊ မေရှိလမုတ် ၊ မေရှုလံ ၊ ယာဇေရ ၊ အဒေလ တို့မှ ဆင်းသက်သော မာရှဲ အစ ရှိသော၊
Nehemiah 11:12အိမ် တော်အမှု ကို ဆောင်ရွက် သော အမျိုးသား ချင်း ရှစ် ရာ နှစ် ဆယ်နှစ် ယောက်တည်း။ ထိုမှတပါး၊ မာလခိ ၊ ပါရှုရ ၊ ဇာခရိ ၊ အာမဇိ ၊ ပေလလိ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယ အစရှိသော၊
Jeremiah 32:1နေဗုခဒ်နေဇာ နန်းစံတဆယ် ရှစ် နှစ် ၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ် နှစ် တွင် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၏။
Jeremiah 37:1ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ် သား ခေါနိ အရာ ၌၊ ယောရှိ မင်းကြီး၏ သား ဇေဒကိ မင်းကြီး သည် နန်းထိုင် လေ၏။