The Bible Software
ယေရမိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ယေရမိအနာဂတ္တိကျမ်း 21

1ဇေဒကိ မင်းကြီး သည် မေလခိ သား ပါရှုရ နှင့်၊ ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ယေရမိ ထံသို့ စေလွှတ် ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို စစ်တိုက် သည်ဖြစ်၍၊ သူ့ကိုငါ့ တို့ထံမှ ပြန်သွား စေခြင်းငှါ ၊ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကိုပြုတော်မူသမျှ အတိုင်း ၊

2ငါ တို့၌တဖန်ပြု တော်မူမည်အကြောင်း၊ ငါ တို့အတွက် ထာဝရဘုရား ကိုတောင်းပန် ပါလော့ဟုမိန့် တော်မူသောအခါ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက်လာ ၍၊

3ယေရမိ က၊ သင်တို့သည် ဇေဒကိ မင်းကြီးအား ပြန်ပြော ရမည်မှာ၊

4ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့၏မြို့ ပြင် မှာ တပ်စွဲ ၍ နေသောဗာဗုလုန် ရှင်ဘုရင် ၊ ခါလဒဲ အမျိုးသားတို့ကို စစ်တိုက်လျက်၊ သင် တို့စွဲကိုင် သော လက်နက် များကို ငါ လွဲ စေမည်။ ထိုသူ တို့ကို မြို့ ထဲ၌ ငါစည်းဝေး စေမည်။

5ငါ့ ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက် အရှိန်အားကြီး ၍ ၊ ဆန့် သောလက် ၊ သန်စွမ်း သော လက်ရုံး နှင့် သင် တို့ကို တိုက် မည်။

6ဤ မြို့ ၌နေ သောလူ သတ္တဝါတိရစ္ဆာန် တို့ကို ငါသည် ဒဏ်ခတ် ၍ ၊ ပြင်း စွာသောကာလနာ ဖြင့် သေ ရ ကြလိမ့်မည်။

7ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို နောက်မှ နာ ဘေး၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် လွတ်၍၊ ကျန် ကြွင်းသော မြို့သားတည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ သူ ၏ကျွန် များ၊ သူ၏လူ များတို့ကို၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစ ရှိသော ရန်သူ များ၊ သတ် ချင်သော သူများလက် သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမ ရှိ၊ မ စုံမက် ၊ မ နှမြော ဘဲ၊ ထား နှင့် ကွပ်မျက် လိမ့်မည်ဟု ဆင့်ဆိုလေ၏။

8ထာဝရဘုရား ကလည်း၊ သင်သည် ဤ လူမျိုး တို့ အား ဆင့် ဆိုရသော ထာဝရဘုရား၏ အမိန့်တော်ဟူမူကား ၊ အသက်ရှင် ရာလမ်း ၊ သေ ရာလမ်း တို့ကို သင် တို့ရှေ့ မှာ ငါ ဖွင့် ထား၏။

9ဤ မြို့ ထဲမှာ နေ သောသူသည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ခြင်းဘေးဖြင့် သေ လိမ့်မည်။ မြို့ပြင်သို့ထွက် ၍ ၊ မြို့ပြင်မှာ တပ်စွဲ လျက်နေသောခါလဒဲ လူတို့ဘက်သို့ ဝင်စား သောသူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာ ကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။

10ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဤ မြို့ ကို ကျေးဇူး မ ပြု၊ အပြစ် ပြုခြင်းငှါ ငါ သည် မျက်နှာ ထား သည်ဖြစ် ၍၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် မီးရှို့ လိမ့်မည်။

11ယုဒ ရှင်ဘုရင် အမျိုး ကို ရည်မှတ်၍၊ ထာဝရဘုရား မိန့်တော်မူသောစကား တော်ကို နားထောင် ကြလော့။

12အို ဒါဝိဒ် မင်းကြီးအမျိုး ၊ ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ မဆိုင်းမလင့်၊ တရား သဖြင့် စီရင် ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ၏ လက် မှ ကယ်နှုတ် ကြလော့။ သို့မဟုတ် ၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကြောင့် ၊ ငါ့ အမျက် သည် မီး ကဲ့သို့ ဖြစ်၍ ၊ အဘယ် သူမျှမသတ် နိုင်အောင်လောင် လိမ့်မည်။

13ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုချိုင့် ၌ နေ သောသူ၊ အိုလွင်ပြင် ၌ရှိသောကျောက် ၊ သင့် တဘက် ၌ ငါ နေ၏။ သင်တို့က၊ ငါ တို့ကို အဘယ်သူ စစ်တိုက် နိုင်မည်နည်း ။ ငါ တို့ နေရာ ထဲသို့ အဘယ်သူ ဝင် နိုင်မည်နည်းဟု ဆို တတ်သော်လည်း ၊

14သင် တို့အကျင့် နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ် ကို ငါပေးမည်။ သင်တို့တော ကို ငါရှို့ သော မီး သည်၊ ပတ်လည် ၌ရှိသမျှ သောအရာတို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။

← ယေရမိအနာဂတ္တိကျမ်း 20Read In The App, Free →ယေရမိအနာဂတ္တိကျမ်း 22 →

Study ယေရမိအနာဂတ္တိကျမ်း 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940414243444546474849505152