ယေရမိအနာဂတ္တိကျမ်း 21:13
ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုချိုင့် ၌ နေ သောသူ၊ အိုလွင်ပြင် ၌ရှိသောကျောက် ၊ သင့် တဘက် ၌ ငါ နေ၏။ သင်တို့က၊ ငါ တို့ကို အဘယ်သူ စစ်တိုက် နိုင်မည်နည်း ။ ငါ တို့ နေရာ ထဲသို့ အဘယ်သူ ဝင် နိုင်မည်နည်းဟု ဆို တတ်သော်လည်း ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 21
Cross References
Exodus 13:20တဖန် သူတို့သည် သုကုတ် အရပ်မှ ထွက် သွား၍ တော အနား ၊ ဧသံ မြို့၌ စားခန်းချ ကြ၏။
Psalms 125:2တောင် ရိုးတို့သည် ယေရုရှလင် မြို့ကို ဝန်းရံ သကဲ့သို့ ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို ယခု မှစ၍ ၊ ကာလ အစဉ်မပြတ်ဝန်းရံ တော်မူ၏။
Jeremiah 7:4ဤသည်ကား၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်ဖြစ်သတည်းဟု မုသာ စကား ကို ပြော သောသူတို့၌ မ မှီဝဲ ကြနှင့်။
Jeremiah 21:5ငါ့ ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက် အရှိန်အားကြီး ၍ ၊ ဆန့် သောလက် ၊ သန်စွမ်း သော လက်ရုံး နှင့် သင် တို့ကို တိုက် မည်။
Jeremiah 49:4ငါ့ ထံသို့ အဘယ် ရန်သူရောက် လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိ စည်းစိမ် ၌ ကိုးစား လျက် ဖောက်ပြန် သောသတို့သမီး ၊ သင်သည် ချိုင့် တို့၌ အဘယ်ကြောင့် ဝါကြွား သနည်း။ သင် ၏ချိုင့် သည် အသွေးစီး ရာ ဖြစ်လိမ့်မည် ။
Jeremiah 50:31ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုမာန ကြီးသောသူ၊ သင့် တဘက် ၌ ငါ နေ၏။ အကယ် စင်စစ်သင် ၏အချိန် ၊ ဆုံးမ ခြင်းကိုခံရသော အချိန် ရောက် လေပြီ။