ယေရမိအနာဂတ္တိကျမ်း 21:4
ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့၏မြို့ ပြင် မှာ တပ်စွဲ ၍ နေသောဗာဗုလုန် ရှင်ဘုရင် ၊ ခါလဒဲ အမျိုးသားတို့ကို စစ်တိုက်လျက်၊ သင် တို့စွဲကိုင် သော လက်နက် များကို ငါ လွဲ စေမည်။ ထိုသူ တို့ကို မြို့ ထဲ၌ ငါစည်းဝေး စေမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
3ယေရမိ က၊ သင်တို့သည် ဇေဒကိ မင်းကြီးအား ပြန်ပြော ရမည်မှာ၊
Read all of ယေရမိအနာဂတ္တိကျမ်း 21
Cross References
Isaiah 5:5ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
Isaiah 13:4ကြီး စွာသော အလုံးအရင်း၏ အသံ ကဲ့သို့ တောင် တို့အပေါ် မှာ လူ များ၏ အသံ ဗလံ၊ စုဝေး သော တိုင်း သူပြည်သားများတို့၏ အုတ်အုတ် ကျက်ကျက်သော အသံ ဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် စစ်တိုက် ခြင်းငှါ၊ အလုံး အရင်းကိုစီရင် ခင်းကျင်းတော်မူ၏။
Jeremiah 33:5ခါလဒဲ လူတို့သည် စစ်တိုက် ခြင်းငှါ လာ ကြ၏။ ငါ သည် ပြင်းစွာအမျက် ထွက်၍ ကွပ်မျက် သော သူ တို့ ၏ အသေ ကောင်များနှင့် ထို အိမ်များကို ပြည့် စေခြင်းငှါ လာကြ၏။ ထိုသူ တို့၏ ဒုစရိုက် များကြောင့် ၊ ဤ မြို့ မှ ငါ သည် မျက်နှာ ကိုလွှဲ ပြီ။
Jeremiah 37:10ထိုမျှမက၊ သင် တို့ကို စစ် တိုက်သော ခါလဒဲ စစ်သူရဲ အပေါင်း တို့ကို သင်တို့သည်လုပ်ကြံ သဖြင့် ၊ သူ တို့ တွင် ဒဏ်ချက်ထိ သော သူ သက်သက်ကျန်ကြွင်း သော်လည်း ၊ သူတို့သည် အသီးအသီးမိမိ တို့တဲ ၌ ထ ၍ ၊ ဤ မြို့ ကို မီးရှို့ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Jeremiah 38:17ယေရမိ ကလည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ်တော်သည်ဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် တို့ထံ သို့အမှန်ထွက်သွား လျှင် အသက် ချမ်းသာ ရတော်မူမည်။ ဤ မြို့ သည်လည်း မီးရှို့ ခြင်းနှင့်လွတ် လိမ့်မည်။ ကိုယ်တော် နှင့်တကွဆွေ တော် မျိုးတော်တို့သည် အသက် ချမ်းသာရကြလိမ့်မည်။
Jeremiah 52:18အိုးကင်း ၊ တူးရွင်းပြား ၊ မီးညှပ် ၊ အိုး ၊ ဇွန်း မှစ၍အမှု တော်ထမ်းစရာ၊ ကြေးဝါ တန်ဆာ ရှိသမျှ တို့ကိုလည်း ယူ သွားကြ၏။