ယေရမိအနာဂတ္တိကျမ်း 21:9
ဤ မြို့ ထဲမှာ နေ သောသူသည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ခြင်းဘေးဖြင့် သေ လိမ့်မည်။ မြို့ပြင်သို့ထွက် ၍ ၊ မြို့ပြင်မှာ တပ်စွဲ လျက်နေသောခါလဒဲ လူတို့ဘက်သို့ ဝင်စား သောသူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာ ကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 21
Cross References
Jeremiah 21:7ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို နောက်မှ နာ ဘေး၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် လွတ်၍၊ ကျန် ကြွင်းသော မြို့သားတည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ သူ ၏ကျွန် များ၊ သူ၏လူ များတို့ကို၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစ ရှိသော ရန်သူ များ၊ သတ် ချင်သော သူများလက် သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမ ရှိ၊ မ စုံမက် ၊ မ နှမြော ဘဲ၊ ထား နှင့် ကွပ်မျက် လိမ့်မည်ဟု ဆင့်ဆိုလေ၏။
Jeremiah 27:13ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကိုမ ခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ်၍ မိန့် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် ကိုယ်တော် ၏ လူ တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် အဘယ်ကြောင့် သေ ရပါမည်နည်း။
Jeremiah 38:3ယေရမိ သည် လူ အပေါင်း တို့အား ဟောပြော တတ်သော စကား များကို မဿန် သား ရှေဖတိ ၊ ပါရှုရ သား ဂေဒလိ ၊ ရှေလမိ သား ယေဟုကလ ၊ မာလခိ သား ပါရှုရ တို့သည်ကြား သောအခါ၊
Jeremiah 39:18ငါသည် သင့် ကို စင်စစ် ကယ်နှုတ် မည်။ သင်သည် ထား ဖြင့် မ ဆုံး ရ။ လက် ရဥစ္စာကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ ကို ကိုးစား သောကြောင့် တည်းဟု ထာဝရဘုရား မိန့် တော်မူ၏။