ယေရမိအနာဂတ္တိကျမ်း 22:8
လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာ ရှောက် သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ် ကြောင့် ဤသို့ပြုတော်မူသနည်းဟု၊ တယောက်ကို တယောက် မေးကြသည်ရှိသော်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 22
Cross References
Deuteronomy 29:23အနာရောဂါဘေးဥပဒ်တို့ကို၎င်း၊ ထာဝရဘုရား သည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူ သော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ တို့ ပြိုပျက်ရာကဲ့သို့၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီး အနှံ မသီး၊ မြက်ပင်မပေါက်ကြောင်းကို၎င်း၊ သင်တို့ နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသော အခါ၊
1 Kings 9:8အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော်၊
2 Chronicles 7:20ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနှုတ်ပစ်မည်။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ် တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ တပါးအမျိုးသား တို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည်။
Jeremiah 40:3ခြိမ်းတော်မူသည်အတိုင်းလည်း၊ အမှုကို ရောက် စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ ရောက်လေပြီ။
Lamentations 4:12ရန်ပြုသောသူနှင့်စစ်တိုက်သောသူသည် ယေရု ရှလင်မြို့တံခါးအတွင်းသို့ ဝင်နိုင်သည်ဟု၊ လောကီ ရှင်ဘုရင်နှင့်လောကီသတ္တဝါ တစုံတယောက်မျှမယုံကြ။