The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 23 › ယေရမိအနာဂတ္တိကျမ်း 23:16

ယေရမိအနာဂတ္တိကျမ်း 23:16

ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ၏။

1835 Judson Burmese Bible

In The King James Version

Thus saith the LORD of hosts, Hearken not unto the words of the prophets that prophesy unto you: they make you vain: they speak a vision of their own heart, and not out of the mouth of the LORD.

In Context

15ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ။

17ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြ လိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား၊ သင်တို့သည် ဘေးဥပဒ် နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။

Read all of ယေရမိအနာဂတ္တိကျမ်း 23

Cross References

2 Kings 17:15စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကို ပယ်၍အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရား ပညတ်တော် မူ၏၊ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့ လိုက်ကြ၏။

Proverbs 19:27ငါ့သား၊ ပညာတရားကို ပယ်စေခြင်းငှါ၊ သွန်သင် သော သူ၏စကားကို နားမထောင်နှင့်။

Jeremiah 9:20အိုမိန်းမတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် ကို နားထောင်၍၊ နှုတ်တော်ထွက်ကို နာယူကြလော့။ သင်တို့၏ သမီးတို့အား ငိုကြွေးခြင်းကို၎င်း၊ အသီးအသီး အပေါင်းအဘော်တို့အား မြည်တမ်းခြင်းကို၎င်း သွန်သင် ကြလော့။

Jeremiah 23:21ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။

Jeremiah 27:9သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အားပြောတတ်သော ပရော ဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာ ဆရာ၊ ပြုစားတတ်သော ဆရာတို့၏ စကားကို နား မထောင်ကြနှင့်။

Jeremiah 29:8ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့်။ သင်တို့မြင် စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 23:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 23:15ယေရမိအနာဂတ္တိကျမ်း 23ယေရမိအနာဂတ္တိကျမ်း 23:17 →