ယေရမိအနာဂတ္တိကျမ်း 26:7
ထိုစကားကို ဗိမာန်တော်၌ ယေရမိ ဟောပြော သည်ကို ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ လူများ အပေါင်းတို့သည် ကြားကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 26
Cross References
Jeremiah 5:31ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြော ကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့် မည်နည်း။
Ezekiel 22:25ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်ဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက်၍အကောင်ကို ကိုက်ဖြတ် သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍများနှင့် အဘိုးထိုက်လော ဥစ္စာများကို လုယူကြ၏။ ပြည်အလယ် ၌ မုတ်ဆိုးမတို့ကို များပြားစေကြ၏။
Zephaniah 3:4ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာ ပျက်သောသူဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့် ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်း ရှုတ်ချကြ၏။
Acts 4:1ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲများတို့သည်လာကြသဖြင့်၊