The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 29 › ယေရမိအနာဂတ္တိကျမ်း 29:17

ယေရမိအနာဂတ္တိကျမ်း 29:17

သူတို့ကို ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည်။ ငါနှင်ရာအရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည် အကြောင်း၊ မြေပေါ်မှာ တိုင်းနိုင်ငံ ရှိသမျှတို့၏ နှောင့်ရှက်ခြင်းသို့ သူတို့ကို ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

1835 Judson Burmese Bible

In The King James Version

Thus saith the LORD of hosts; Behold, I will send upon them the sword, the famine, and the pestilence, and will make them like vile figs, that cannot be eaten, they are so evil.

In Context

16ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့အပေါ်မှာထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည်။ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည်။

18အကြောင်းမူကား၊ ငါသည် စောစောထ၍၊ အထပ်ထပ် မှာထားစေလွှတ်သော ငါ၏ကျွန်ပရောဖက် တို့၏ စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။

Read all of ယေရမိအနာဂတ္တိကျမ်း 29

Cross References

Jeremiah 24:1ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သားယေခါနိမင်းအစရှိသော ယုဒမှူးမတ် များ၊ လက်သမား၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့ မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက်၊ ထာဝရဘုရား ၏ ဗိမာန်တော်ရှေ့၌ထားသော သင်္ဘော သဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။

Jeremiah 24:10သူတို့နှင့် သူတို့၏ ဘိုးဘေးတို့အား ငါပေးသော ပြည်မှ၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးကို သူတို့ရှိရာသို့ ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

Jeremiah 29:18အကြောင်းမူကား၊ ငါသည် စောစောထ၍၊ အထပ်ထပ် မှာထားစေလွှတ်သော ငါ၏ကျွန်ပရောဖက် တို့၏ စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။

Jeremiah 43:11ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ၍၊ သေတန်သော သူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့၎င်း အပ်လိမ့်မည်။

Ezekiel 5:12သင်၏သုံးစုတို့တွင်၊ တစုသည်နာဘေးဖြင့် သေ၍၊ သင်၏အလယ်၌မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရ လိမ့်မည်။ တစခုသည်သင့်ပတ်လည်၌ ထားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစုကိုအရပ်ရပ်တို့က လာသော လေရှေ့မှာငါလွှင့်၍၊ သူ့နောက်သို့ ထားကို လွှတ်လိုက် မည်။

Luke 21:11အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 29:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 29:16ယေရမိအနာဂတ္တိကျမ်း 29ယေရမိအနာဂတ္တိကျမ်း 29:18 →