ယေရမိအနာဂတ္တိကျမ်း 29:18
အကြောင်းမူကား၊ ငါသည် စောစောထ၍၊ အထပ်ထပ် မှာထားစေလွှတ်သော ငါ၏ကျွန်ပရောဖက် တို့၏ စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 29
Cross References
Leviticus 26:33သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။
Deuteronomy 28:64ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတဘက် မှသည် တဘက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့်သင့် ဘိုးဘေးတို့ မသိဘူးသော အခြားတပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
1 Kings 9:7ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည်။
2 Chronicles 29:8ထိုကြောင့် ထာဝရဘုရားသည် ယုဒပြည် ယေရု ရှလင်မြို့ကို အမျက်တော်ထွက်၍၊ သင်တို့မြင်သည် အတိုင်း ဆင်းရဲခံခြင်း၊ မိန်းမောတွေဝေခြင်း၊ ကဲရဲ့သံကို ကြားခြင်း အမှု၌အပ်တော်မူပြီ။
Isaiah 65:15သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သော သူတို့၌ ကျိန်ဆဲဘို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည်။
Jeremiah 18:16ထိုသို့ပြု၍ မိမိတို့ပြည်ကို လူဆိတ်ညံရာအရပ်၊ အစဉ်ကဲ့ရဲ့သံ ကြားရာအရပ်ဖြစ်စေသဖြင့်၊ လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ မိမိတို့ ခေါင်းကို ညှိတ်ကြလိမ့်မည်။