ယေရမိအနာဂတ္တိကျမ်း 30:21
သူ တို့၏ မင်း သည် သူ တို့အမျိုးဖြစ် လိမ့်မည်။ သူ တို့အထဲက ပေါ်ထွန်း သောသူသည်သူ တို့ကို အုပ်စိုး ရ လိမ့်မည်။ ငါသွေးဆောင် ၍ သူတို့သည် ငါ့ ထံသို့ ချဉ်းကပ် ကြလိမ့်မည်။ ငါ့ ထံသို့ ချဉ်းကပ် လိုသောငှါ ၊ အဘယ်သူ သည် မိမိစိတ် ကို တန်းစေသနည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 30
Cross References
Genesis 18:27တဖန် အာဗြဟံ က၊ အကျွန်ုပ် သည် မြေ မှုန့်နှင့် ပြာ သက်သက်ဖြစ်သော်လည်း ၊ ဘုရား ရှင်ကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။
Genesis 18:32အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်။ သည် တကြိမ် အကျွန်ုပ်လျှောက် ပါရစေဦး။ ထို မြို့၌ တ ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ တ ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
Numbers 16:5တဖန် မောရှေက၊ အဘယ်သူ သည် ထာဝရ ဘုရား ၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်း သည်ကို၎င်း၊ အဘယ်သူကို ချဉ်းကပ် စေမည်ကို၎င်း၊ နက်ဖြန် နေ့၌ ထာဝရဘုရား ပြ တော်မူမည်။ ရွေးကောက် တော်မူသောသူ ကိုလည်း အနီးအပါးသို့ ချဉ်းကပ် စေတော်မူမည်။
Numbers 17:12ဣသရေလ အမျိုးသား တို့ကလည်း ၊ အကျွန်ုပ်တို့ သည် သေကြေ ပျက်စီး ကြပါ၏။ တယောက် မျှမကြွင်း ပျက်စီး ရကြပါ၏။
Deuteronomy 18:18သူ တို့အမျိုးသား ချင်းတို့အထဲ ၌ သင် နှင့် တူသော ပရောဖက် တပါးကို သူ တို့အဘို့ ငါပေါ်ထွန်း စေ၍ ၊ ထို ပရောဖက်နှုတ် ၌ ငါ့ စကား ကို ငါအပ် သဖြင့် ငါမှာထား သမျှ တို့ကို သူ တို့အား ဆင့်ဆို ရလိမ့်မည်။
2 Samuel 7:13ထိုသားသည် ငါ ၏နာမ အဘို့ အိမ် ကို ဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်။