The Bible Software
ယေရမိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ယေရမိအနာဂတ္တိကျမ်း 30

1ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊

2ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့် အား ငါပြော သမျှ သော စကား တို့ကို ရေး ထားလော့။

3ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု သိမ်း သွားခြင်းကို ခံရသောငါ ၏ လူ ဣသရေလ အမျိုးနှင့် ယုဒ အမျိုးသားတို့ကို ငါဆောင် ခဲ့ရသော အချိန် ကာလသည် ရောက် လိမ့်မည်။ သူ တို့ဘိုးဘေး တို့အား ငါပေး သော ပြည် သို့ ငါပြန် လာစေသဖြင့် ၊ သူတို့သည် ပိုင် ရကြလိမ့်မည်ဟု မိန့် တော်မူ၏။

4ဣသရေလ အမျိုးနှင့် ယုဒ အမျိုးကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊

5ငါသည် ထိတ်လန့် ခြင်းစကား သံကို ကြား ရ၏။ ငြိမ်သက် ခြင်းမရှိ ။ ကြောက်ရွံ ဘွယ်သောအကြောင်းသာ ရှိ၏။

6ယောက်ျား သည် သားဘွား တတ်သလောဟုမေးမြန်း ကြည့်ရှု ကြလော့။ မိန်းမသည် သားဘွား ခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိ ခါး ၌ လက် တင်သကဲ့သို့ ယောက်ျား တိုင်း ပြု၍ ၊ ခပ်သိမ်း သောသူတို့ သည် မျက်နှာ ပျက် လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါ မြင်ရသနည်း။

7အလို လေး၊ ထို နေ့ ရက်ကား ခိုင်းနှိုင်း စရာမရှိ ။ ကြီး သောနေ့ရက်ဖြစ်၏။ ယာကုပ် အမျိုး၌ အမှု ရောက် သော နေ့ရက် ဖြစ်၏။ သို့ရာတွင် ၊ သူ တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။

8ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ရက်၌ သူ တို့ထမ်းရသောထမ်းဘိုး ကို သူ တို့လည်ပင်း မှ ငါချိုး ပယ်မည်။ သူ တို့ကို ချည်နှောင် သော ကြိုးများကို ငါဖြတ် မည်။ တပါး အမျိုးသား တို့သည် နောက် တဖန်သူ တို့ကို မ စေစား ရကြ။

9သူတို့သည် မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ အမှုကို၎င်း ၊ သူ တို့အဘို့ ငါပေါ်ထွန်း စေလတံ့သော ရှင်ဘုရင် ဒါဝိဒ် ၏အမှုကို၎င်း ဆောင်ရွက် ရကြမည်။

10သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုငါ့ ကျွန် ယာကုပ် ၊ မ ကြောက် နှင့်။ အို ဣသရေလ အမျိုး၊ စိတ် မ ပျက်နှင့်။ သင့် ကို ဝေး သောအရပ်မှ ၎င်း ၊ သင် ၏ အမျိုးသား တို့ကို သိမ်းသွားရာ ပြည် မှ ၎င်း ၊ ငါ နှုတ် ယူဆောင်ခဲ့သဖြင့် ၊ ယာကုပ် အမျိုးသည် ပြန်လာ ၍ ၊ ချောက်လှန့် သောသူမရှိ ၊ ငြိမ်ဝပ် ချမ်းသာ စွာ နေရလိမ့်မည်ဟု မိန့် တော်မူ၏။

11တဖန်မိန့်တော်မူသည်ကား၊ သင့် ကို ကယ်တင် ခြင်းငှါ သင် နှင့် အတူငါ ရှိ၏။ ငါသည်သင့် ကို ငါကွဲပြား စေသော တိုင်း နိုင်ငံရှိသမျှ တို့ကို ဆုံး စေသော်လည်း ၊ သင့် ကိုမ ဆုံး စေ။ သို့ရာတွင် ၊ အပြစ် ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန် ဆုံးမ မည်။

12ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့် အနာ သည် ပျောက် ခဲ၏။ သင် ခံရသောဝေဒနာ သည် ပြင်း လှ ၏။

13သင့်အနာကို စည်း အံ့သောငှါ အဘယ်သူမျှသင့် အမှု ကို မ စောင့် ။ အနာ ပျောက်စေနိုင်သော ဆေး ကို အဘယ်သူမျှမ ကု။

14သင် ၏မိတ်ဆွေ ရှိသမျှ တို့သည် သင့် ကို မေ့လျော့ ၍ မ မေး မရှာဘဲနေကြ၏။ သင့် အပြစ် သည် ကြီး ၍၊ သင်ပြုသောဒုစရိုက် သည် များပြား သောကြောင့် ၊ ရန်သူ ပေးတတ်သော အနာ နှင့်သင့် ကို ငါနာ စေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ် ကို ငါပေးပြီ။

15သင် သည် အနာ ကိုခံရသည်ဖြစ်၍၊ အဘယ်ကြောင့် ငိုကြွေး သနည်း။ သင် ၏အပြစ် ကြီး သောကြောင့် ၊ သင် ခံရသောဝေဒနာ သည် ပျောက် ခဲ၏။ သင် ပြုသောဒုစရိုက် များပြား သောကြောင့်၊ ဤ သို့ငါဆုံးမ ရ၏။

16သို့ရာတွင်၊ သင့် ကို ကိုက်စား သောသူအပေါင်း တို့သည် ကိုက် စားခြင်း၊ သင် ၏ရန်သူ အပေါင်း တို့သည် သိမ်း သွားခြင်း၊ သင့် ကို လုယူ ဖျက်ဆီး သော သူအပေါင်း တို့ သည် လုယူ ဖျက်ဆီး ခြင်းကိုခံရ ကြမည်။

17ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူတပါးတို့ က၊ သင် သည် စွန့်ပစ် ခြင်းကို ခံရသောသူဟူ၍၎င်း ၊ အဘယ်သူမျှမ ကြည့်ရှု မပြုစုသော ဇိအုန် မြို့ဟူ၍၎င်း ခေါ် သော်လည်း၊ သင် ၏အနာ ရောဂါများကို ငါပျောက် စေ၍၊ ကျန်းမာ ပကတိ ဖြစ်စေမည်။

18ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွား ခြင်းကိုခံရသောယာကုပ် အမျိုးသားတို့၏ တဲ များကို ငါ ဆောင် ခဲ့ဦးမည်။ သူ တို့အိမ် များကို သနား ဦးမည်။ မြို့ သည်လည်း ၊ မိမိ ကုန်း ပေါ် မှာ တဖန် တည် လျက်ရှိ လိမ့်မည်။ နန်းတော် ၌လည်း ၊ ရှေးထုံးစံ အတိုင်းနေ ကြလိမ့်မည်။

19ထိုသူ တို့အထဲ က ကျေးဇူးကို ချီးမွမ်း ခြင်းအသံ၊ ရွှင်မြူး သောသူတို့ ၏ အသံ သည် ထွက် လိမ့်မည်။ ငါသည် သူ တို့ကို မ နည်း စေဘဲ များပြား စေမည်။ နှိမ့်ချ ခြင်းသို့ မ ရောက်၊ ချီးမြှောက် ခြင်းသို့ ရောက်စေမည်အကြောင်းစီရင်မည်။

20အမျိုးသား တို့သည် အရင် ကဲ့သို့ ဖြစ် ၍၊ ပရိသတ် တို့သည် ငါ့ ရှေ့ မှာ တည် ကြလိမ့်မည်။ ညှဉ်းဆဲ သော သူအပေါင်း တို့ကို ငါသည် အပြစ် ပေးမည်။

21သူ တို့၏ မင်း သည် သူ တို့အမျိုးဖြစ် လိမ့်မည်။ သူ တို့အထဲက ပေါ်ထွန်း သောသူသည်သူ တို့ကို အုပ်စိုး ရ လိမ့်မည်။ ငါသွေးဆောင် ၍ သူတို့သည် ငါ့ ထံသို့ ချဉ်းကပ် ကြလိမ့်မည်။ ငါ့ ထံသို့ ချဉ်းကပ် လိုသောငှါ ၊ အဘယ်သူ သည် မိမိစိတ် ကို တန်းစေသနည်း။

22ထိုအခါ သင်တို့သည် ငါ ၏ လူ ဖြစ် ၍ ၊ ငါ သည် လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

23ထာဝရဘုရား ၏ လေဘွေ တော်သည် ပူသော အရှိန်နှင့် ထွက် ၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရား သောသူတို့ ခေါင်း ပေါ် မှာ ပြင်းစွာတိုက် လိမ့်မည် ။

24ထာဝရဘုရား သည် လက်စသတ် ၍ ၊ အကြံအစည် တော်ကို ပြည့်စုံ စေတော်မ မူမှီ၊ ပြင်းစွာ သော အမျက် တော်မ ငြိမ်း ရ။ နောင် ကာလ ၌ သင်တို့သည် နားလည် ကြလိမ့်မည်။

← ယေရမိအနာဂတ္တိကျမ်း 29Read In The App, Free →ယေရမိအနာဂတ္တိကျမ်း 31 →

Study ယေရမိအနာဂတ္တိကျမ်း 30

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940414243444546474849505152