ယေရမိအနာဂတ္တိကျမ်း 31:13
ထိုအခါ သမီး ကညာသည် က ခုန်လျက် ၊ လူပျို ၊ လူအို တို့နှင့်တကွပျော်မွေ့ လိမ့်မည်။ သူ တို့ညည်းတွား ခြင်း အရာ၌ ဝမ်းမြောက် ခြင်းကို ငါဖြစ် စေမည်။ သူ တို့သည် ဝမ်းနည်း ခြင်းကို ခံရသောနောက်၊ စိတ် သက်သာ၍ ရွှင်လန်း မည်အကြောင်းကို ငါပြုမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 31
Cross References
Nehemiah 12:27ယေရုရှလင် မြို့ရိုး ကို အနုမောဒနာ ပြုသောအခါ ၊ ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်လျက် သီချင်း ဆိုလျက် ဝမ်းမြောက် ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်း ခြင်းနှင့်တကွ အနုမောဒနာ ပြု အံ့သောငှါ လေဝိ သားတို့ကိုရှာ ၍ သူ တို့နေရာ အရပ်ရပ် တို့က ယေရုရှလင် မြို့သို့ ခေါ် ကြ၏။
Esther 9:22ဆင်းရဲသောသူ တို့အား စွန့်ကြဲရာနေ့ဖြစ်စေသောထုံးစံကိုစီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည် ၌ အနီး အဝေး ရှိသောယုဒ လူအပေါင်း တို့နေရာသို့ မှာစာ ကိုပေး လိုက်လေ၏။
Psalms 126:5မျက်ရည် ကျလျက် မျိုးစေ့ကြဲ သောသူတို့သည် ရွှင်လန်း လျက် စပါး ရိတ်ကြလိမ့်မည်။
Psalms 149:3သူတို့သည် ကခုန် လျက် နာမတော် ကို ချီးမွမ်း ကြစေ။ ပတ်သာ နှင့် စောင်း ကို တီးလျက် ထောမနာ သီချင်း ဆိုကြစေ။
Isaiah 35:10ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ ၊ သီချင်း ဆိုလျက် ၊ ထာဝရ ဝမ်းမြောက် ခြင်း သရဖူ ကို ဆောင်း လျက်၊ ဇိအုန် မြို့သို့ ရောက် ကြ လိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်း အခွင့် ကို ရကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။
Isaiah 51:11သို့ ဖြစ်၍၊ ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ သီချင်းဆို လျက် ၊ ထာဝရ ဝမ်းမြောက် ခြင်းသရဖူကို ဆောင်းလျက် ၊ ဇိအုန် မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်းအခွင့်ကို ရ ကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။