The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 31 › ယေရမိအနာဂတ္တိကျမ်း 31:3

ယေရမိအနာဂတ္တိကျမ်း 31:3

ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။

1835 Judson Burmese Bible

In The King James Version

The LORD hath appeared of old unto me, saying, Yea, I have loved thee with an everlasting love: therefore with lovingkindness have I drawn thee.

In Context

2တဖန် မိန့်တော်မူသည်ကား၊ ထားဘေးနှင့်လွတ် သော သူတို့သည် တော၌ကျေးဇူးကို ခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကို ချမ်းသာပေးမည်။

4အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည်။

Read all of ယေရမိအနာဂတ္တိကျမ်း 31

Cross References

Deuteronomy 7:7သင်သည် အခြားသောလူမျိုးထက် သာ၍ များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကို ချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ၍နည်း၏။

Deuteronomy 33:3အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိ သန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ ပြပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။

1 Kings 10:9ကိုယ်တော်ကို နှစ်သက်၍၊ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာတရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူ ပြီဟု ရှင်ဘုရင်အား ပြောဆို၍၊

Song of Solomon 1:4ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။

Isaiah 45:17ဣသရေလအမျိုးမူကား၊ ထာဝရဘုရားအားဖြင့် ထာဝရကယ်တင်ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်း လွတ်ကြလိမ့်မည်။

Isaiah 54:8ပြင်းစွာသော အမျက်ထွက်၍ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနား ဦးမည်ဟု သင့်ကို ရွေးနှုတ်သော ထာဝရဘုရား မိန့်တော် မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 31:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 31:2ယေရမိအနာဂတ္တိကျမ်း 31ယေရမိအနာဂတ္တိကျမ်း 31:4 →