ယေရမိအနာဂတ္တိကျမ်း 39:5
ခါလဒဲ စစ်သူရဲ တို့သည် လိုက် လျက် ၊ ယေရိခေါ လွင်ပြင် ၌ ဇေဒကိ မင်းကိုမှီ ၍ ဘမ်းဆီး ပြီးမှ ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှု ကို စစ်ကြော စီရင်၍ ၊
မြန်မာကျမ်းစာ
In The King James Version
In Context
6ရိဗလ မြို့မှာ ဇေဒကိ သား တို့ကို အဘ မျက်မှောက် ၌ သတ် လေ၏။ ယုဒ မှူးမတ် အပေါင်း ကိုလည်း သတ် လေ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 39
Cross References
Joshua 4:13ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့်လေးသောင်း ခန့် မျှရှိ၍၊ စစ်တိုက် ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရား ရှေ့ တော်၌ ယေရိခေါ လွင်ပြင် သို့ ကူး သွား ကြ၏။
Joshua 13:5နေ ထွက် ရာဘက်၊ ဟေရမုန် တောင် ခြေရင်း ၌ ဗာလဂဒ် မြို့မှစ၍ ဟာမတ် ပြည်အဝင်တိုင်အောင် ဂေဗလ ပြည် ၊ လေဗနုန် ပြည် တရှောက်လုံး ကျန်သတည်း။
2 Samuel 8:9ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကို၊ ဟာမတ် မင်းကြီး တောဣ သည် ကြား လျှင်၊
2 Kings 23:33ဖာရော နေခေါ သည် ထိုမင်း ကို ယေရုရှလင် မြို့မှာ မင်း မပြုစေခြင်းငှါ ဟာမတ် ပြည် ၊ ရိဗလ မြို့မှာ အကျဉ်း ထား၍ ၊ ယုဒပြည် ၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကိုအခွန် တောင်း လေ၏
2 Chronicles 33:11အာရှုရိ ရှင်ဘုရင် ၏ ဗိုလ် မင်း များကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေ ကို ဆူးတော ၌ ဘမ်းမိ ၍ ၊ သံကြိုး နှင့် ချည်နှောင် ပြီးမှ ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားကြ၏။
Jeremiah 4:12ထို လေထက် ပြင်း သော လေ သည် ငါ့ အလိုကို ပြည့်စုံစေခြင်းငှါ လာ လိမ့်မည်။ ယခု ပင် သူတို့ကို ငါ ကိုယ်တိုင်စစ်ကြော စီရင် မည်။