ယေရမိအနာဂတ္တိကျမ်း 39:4
ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနှင့် စစ်သူရဲ အပေါင်း တို့သည် ထိုလူ များကို မြင် လျှင် ၊ ညဉ့် အခါပြေး ၍ ဥယျာဉ် တော်လမ်း ကို လိုက်လျက်၊ မြို့ရိုး နှစ်ထပ်စပ်ကြား တံခါး ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွား ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 39
Cross References
Leviticus 26:17သင် တို့ကို ငါ မျက်နှာ ထား ၍ ၊ ရန်သူ ရှေ့ မှာ ဆုံး စေမည်။ သင် တို့သည် ရန်သူ ၏ အုပ်စိုး ခြင်းကို ခံရ၍ ၊ အဘယ်သူမျှမ လိုက် သော်လည်း ၊ ပြေး ကြလိမ့်မည်။
Deuteronomy 28:25သင် ၏ရန်သူ ရှေ့ မှာ ထာဝရဘုရား သည် သင့် ကို ဒဏ် ပေးတော်မူမည်။ သင်သည် တလမ်း တည်းဖြင့် သူ တို့ ရှိရာသို့ သွား သော်လည်း ၊ လမ်း ခုနှစ် သွယ်ဖြင့် သူ တို့ရှေ့ မှ ပြေး၍ မြေ ပေါ်မှာရှိ သော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်း သွားရလိမ့်မည်။
2 Kings 25:4ခါလဒဲ လူတို့သည်မြို့ ရိုးကို ဖြို ဖောက်၍ မြို့ ကို လည်း ဝိုင်း နေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့ သည် ညဉ့် အခါ ပြေး ၍ မြို့ရိုး နှစ်ထပ်စပ်ကြား ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွားကြ၏
Isaiah 22:3သင် ၏ မင်း အပေါင်း တို့သည် အတူ ပြေး ကြ၏။ လေး သမားတို့ လက်၌ ချည်နှောင် လျက်ရှိကြ၏။ တွေ့ သမျှ သောသင် ၏ လူတို့သည် အဝေး သို့ ပြေး သော်လည်း၊ အတူ ချည်နှောင် လျက်ရှိကြ၏။
Isaiah 30:15ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ သည် ပြောင်းလဲ ၍ ငြိမ်ဝပ် စွာ နေလျှင်၊ ကယ်တင် ခြင်း သို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ် စွာနေခြင်း၊ ယုံကြည် ခြင်း အားဖြင့် ခွန်အား အစွမ်းကို ရ ကြလိမ့်မည်။ သင် တို့သည် ထိုသို့သော အလို မ ရှိကြ။
Jeremiah 38:18သို့မဟုတ် ၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင် ၏ မှူးမတ် တို့ထံသို့ မ ထွက် မသွားလျှင် ၊ ဤ မြို့ ကို ခါလဒဲ လူတို့လက် သို့ အပ် ၍ ၊ သူတို့သည် မီးရှို့ ကြလိမ့်မည်။ ကိုယ်တော် သည်လည်း ၊ သူ တို့လက် နှင့် မ လွတ် ရဟု ဇေဒကိ ကို လျှောက်ဆို ၏။