ယေရမိအနာဂတ္တိကျမ်း 4:13
လာသောမင်းသည် မိုဃ်းတိမ် ကဲ့သို့ လာ လိမ့်မည်။ သူ ၏ရထား တို့သည် လေဘွေ ကဲ့သို့ ဖြစ်ကြ၏။ သူ၏မြင်း တို့သည် ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 4
Cross References
Isaiah 5:28သူ တို့ မြှား တို့သည် ထက် ကြ၏။ လေး တို့သည် လည်း တင်း လျက်ရှိကြ၏။ မြင်းခွာ တို့သည် မီးကျောက် ကဲ့သို့ ၎င်း၊ ရထား ဘီး တို့သည်လည်း ၊ လေဘွေ ကဲ့သို့ ၎င်း ထင်ကြ၏။
Isaiah 19:1အဲဂုတ္တု ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ ကြည့်ရှု လော့။ ထာဝရဘုရား သည် လျင်မြန် သော မိုဃ်းတိမ် ကို စီး ၍ အဲဂုတ္တု ပြည်သို့ ကြွ တော်မူ၏။ ရှေ့ တော်၌ အဲဂုတ္တု ပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား ၍ ၊ အဲဂုတ္တု ပြည်၏ နှလုံး သည် သူ ၏အထဲ မှာ အရည် ကျိုလျက် ရှိလိမ့်မည်။
Jeremiah 4:31အကယ် စင်စစ် သားဘွား သော မိန်းမ ညည်းသံ ၊ သား ဦးဘွား သော မိန်းမ၏ ဝေဒနာခံရာ အသံ ကဲ့သို့ ၊ ဇိအုန် သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ် သည် အမင်္ဂလာ ရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက် ပါ၏ဟု မိမိ လက် ဝါးကို ဖြန့် ၍ ငိုကြွေး လျက်နေ၏။
Jeremiah 10:19ငါ သည် ချိုးဖျက် ခြင်းကိုခံရသောကြောင့် အမင်္ဂလာ ရှိ၏။ ငါ့ အနာ ပြင်းလှ၏။ သို့ သော်လည်း၊ ငါတွေ့သော ဤ ဒုက္ခ ဝေဒနာကို ဆက်ဆက် ခံရ မည်ဟု ငါ ဆို ၏။
Jeremiah 48:40ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတ ပျံတတ်သကဲ့သို့ ပျံ လာ၍ ၊ အတောင် တို့နှင့် မောဘ ပြည်ကို အုပ်မိုး လိမ့်မည်။
Daniel 7:4ငါ ကြည့်ရှု ၍ နေစဉ်၊ သူ၏အတောင် ကို နှုတ် ကြ၏။ မြေ မှ ကိုယ်ကိုချီ ကြွလျက် လူ ကဲ့သို့ ခြေ ဖြင့် မတ်တပ် ရပ်၍ ၊ လူ စိတ် သဘောကိုလည်း ရ ၏။ ဒုတိယ သားရဲ သည် ဝံ နှင့် တူ၏။