ယေရမိအနာဂတ္တိကျမ်း 4:6
ဇိအုန်တောင်ပေါ်မှာ အလံကို ထူကြလော့။ လွတ်အောင် ပြေးကြလော့။ ရပ်၍ မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသော ပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည် ဆောင်ခဲ့မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 4
Cross References
Jeremiah 1:13တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက်သော အိုးကင်းကို မြင်ပါ၏။ မြောက် ဘက်သို့မျက်နှာပြုလျက်ရှိပါ၏ဟု လျှောက်လျှင်၊
Jeremiah 4:21ငါသည် အဘယ်မျှကာလပတ်လုံး အလံကို မြင်ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း။
Jeremiah 6:22ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုး တမျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ ကြီးစွာ သော လူမျိုးကိုမြေကြီးစွန်းမှ ငါနှိုးဆော်မည်။
Jeremiah 21:7ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက် မှ နာဘေး၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗု လုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော ရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ထားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။
Jeremiah 50:2လူမျိုးတို့တွင် သိတင်းကြားပြောကြလော့။ ဝှက်၍ မထားဘဲအလံကို ထူ၍ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ကျိုးပဲ့လျက်ရှိကြ၏။
Jeremiah 51:12ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့။ များစွာသော လူစောင့်တို့ကို ထား၍ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရ ဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူသည်။