ယေရမိအနာဂတ္တိကျမ်း 44:26
သို့ဖြစ်၍ အဲဂုတ္တုပြည်၌ နေသောယုဒလူ အပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင် ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ အဲဂုတ္တုပြည် တရှောက်လုံးတွင်၊ ယုဒလူတယောက်မျှငါ၏ နာမကို မမြွက်မဆိုရမည်အကြောင်း၊ ငါသည် ကိုယ်မဟာနမကို တိုင်တည်၍ ကျိန်ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 44
Cross References
Genesis 22:16သင်သည် ဤအမှုကိုပြု၍၊ သင်၏သားသင်၌ တယောက်တည်းသောသားကို၊ ငါ့အား မငြင်း သောကြောင့်၊
Numbers 14:28သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရ ဘုရားက ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကို ကြားစေခြင်းငှါ ပြောကြသော စကားအတိုင်း သင်တို့ကို ငါပြုမည်။
Psalms 50:16မတရားသောသူကိုကား၊ သင်သည် ငါ၏အထုံး အဖွဲ့တို့ကို ကြားပြော၍ ငါ၏ပဋိညာဉ်တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ဆိုင်သနည်း။
Isaiah 48:1အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်း ကို ခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရား သခင်ကို ချီးမွမ်းသောသူ၊
Jeremiah 4:2သင်ကလည်း၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည် လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Jeremiah 7:9သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့ လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊