The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 50 › ယေရမိအနာဂတ္တိကျမ်း 50:35

ယေရမိအနာဂတ္တိကျမ်း 50:35

ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထားဘေး သည် ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည်။

1835 Judson Burmese Bible

In The King James Version

A sword is upon the Chaldeans, saith the LORD, and upon the inhabitants of Babylon, and upon her princes, and upon her wise men.

In Context

34သို့ရာတွင်၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည်သူတို့ အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည်။

36ထားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက် ၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ထားဘေးသည် ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။

Read all of ယေရမိအနာဂတ္တိကျမ်း 50

Cross References

Isaiah 19:11အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ် ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက် သောအကြံကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးဘုရင်တို့ အနွှယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။

Isaiah 41:25မြောက်မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍၊ သူသည် လာလိမ့်မည်။ နေထွက်ရာမှလာ၍ ငါ့နာမကို ပဌနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့၊ ထိုသူသည် မင်းတို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်းလိမ့်မည်။

Isaiah 47:13သင်သည် များပြားသော တိုင်ပင်ခြင်းအားဖြင့် ပင်ပန်းလှပြီ။ မိုဃ်းကောင်းကင်ကို ကြည့်ရှုသော သူ၊ ကြယ်နက္ခတ်တို့ကို မှတ်သောသူ၊ သင်၌ဖြစ်လတံ့သော အမှုကို၊ လ၏အခြင်းအရာအားဖြင့် ဟောတတ်သော သူတို့သည် ထ၍ သင့်ကို ယခု ကယ်တင်ကြစေ။

Jeremiah 8:9ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။

Jeremiah 47:6အိုထာဝရဘုရား၏ထားတော်၊ သင်သည် အဘယ်မျှကာလပတ်လုံး မငြိမ်ဘဲနေမည်နည်း။ ကိုယ် အိမ်၌ဝင်၍နေလော့။ နေရာကျ၍ ငြိမ်ဝပ်စွာနေလော့။

Jeremiah 50:30ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌ လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 50:35

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 50:34ယေရမိအနာဂတ္တိကျမ်း 50ယေရမိအနာဂတ္တိကျမ်း 50:36 →