ယေရမိအနာဂတ္တိကျမ်း 50:6
ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ။ သူတို့သည်တောင်တလုံးမှတလုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 50
Cross References
Psalms 32:7ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော် မူ၏။ အကျွန်ုပ်ကို ဘေးလွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။
Psalms 91:1အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာဌာန တော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။
Psalms 119:176ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော်၏ ကျွန်ကိုရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။
Isaiah 1:3နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်သော် လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။
Isaiah 32:2ထိုမင်းတို့သည် လေလုံ၍ မိုဃ်းသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းကဲ့သို့၎င်း၊ နေပူသော အရပ်၌ ကျောက်လုံးကြီးအ ရိပ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
Isaiah 56:10သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။