ယေရမိအနာဂတ္တိကျမ်း 6:12
သူတို့အိမ်နှင့်တကွ လယ်ယာ၊ မိန်းမတို့သည် သူတပါးလက်သို့ ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူပြည်သားတို့ကို ငါဒဏ်ခတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 6
Cross References
Deuteronomy 28:30မိန်းမနှင့်လက်ထပ်ပြီးသော်လည်း အခြားသော သူသည် ပေါင်းဘော်ရလိမ့်မည်။ အိမ်ကို ဆောက်သော် လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော် လည်း စပျစ်သီးကို မဆွတ်မယူရ။
1 Chronicles 21:16ဒါဝိဒ်သည် မျှော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည်ယေရုရှလင်မြို့အပေါ် မှာထား ကို မိုးလျက်မိုဃ်းကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေ သည်ကိုမြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။
Isaiah 9:12ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့ သည် ပစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
Isaiah 9:21မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကို၎င်း၊ ဧဖရိမ် အမျိုးသည် မနာရှေအမျိုးကို၎င်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
Isaiah 65:21ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြ လိမ့်မည်။
Jeremiah 38:22နန်းတော်၌ ကျန်ကြွင်းသမျှသော မိန်းမတို့ကို ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ ထုတ်ဆောင်ကြလိမ့် မည်။ ထိုမိန်းမတို့ကလည်း၊ ကိုယ်တော်၏အဆွေခင်ပွန်း တို့သည် သွေးဆောင်၍ နိုင်ကြပြီ။ ခြေတော်သည် ရွှံ့၌ ကျွံ၍၊ သူတို့သည် ဆုတ်သွားကြပြီဟု ကိုယ်တော်အား ဆိုကြလိမ့်မည်။