ယေရမိအနာဂတ္တိကျမ်း 6:21
ထိုအကြောင်းကြောင့် ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ထိမိ ၍ လဲစရာတို့ကို ဤ လူမျိုး ရှေ့ မှာ ငါ ထား မည်။ အဘ နှင့် သား တို့သည် ထိမိ၍ လဲ ကြလိမ့်မည်။ အိမ်နီးချင်း နှင့် အဆွေ ခင်ပွန်းတို့သည် အတူ ပျက်စီး ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 6
Cross References
Isaiah 8:14ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံ ရာ ဖြစ် တော်မူလိမ့်မည်။ သို့ရာတွင် ၊ ဣသရေလ လူ နှစ် မျိုးတို့ ထိမိ၍လဲ စရာကျောက် ၊ မှားယွင်း စရာကျောက် ၊ ယေရုရှလင် မြို့သား တို့၌ ကျော့ကွင်း နှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
Isaiah 9:14ထိုကြောင့် ၊ ထာဝရဘုရား သည် ဣသရေလ အမျိုးမှ ဦးခေါင်း နှင့် အမြီး ကို၎င်း၊ စွန်ပလွံ လက်နှင့် ကိုင်း ပင်ကို၎င်းတနေ့ ခြင်းတွင် ခုတ် ဖြတ်တော်မူလိမ့်မည်။
Jeremiah 9:21သေ မင်းသည် ငါ တို့ပြတင်းပေါက် သို့ တက် ၍၊ ငါ တို့ဘုံ ဗိမာန်ထဲသို့ ဝင် သဖြင့် ၊ သူငယ် များကို လမ်း မှ ပယ်ရှင်း ၍၊ လူပျို များကို ပွဲ သဘင်ထဲက ဖျက်ဆီးလေပြီ။
Jeremiah 15:2အကျွန်ုပ်တို့သည် အဘယ် အရပ်သို့ ထွက်သွား ရပါမည် နည်းဟု မေးမြန်း လျှင် ၊ သင်ကလည်း၊ သေ တန် သောသူ တို့ သည် သေခြင်း သို့ ၎င်း ၊ ကွပ်မျက် တန်သောသူ တို့ သည် ကွပ်မျက် ခြင်းသို့ ၎င်း ၊ ငတ်မွတ် တန်သောသူ တို့ သည် ငတ်မွတ် ခြင်းသို့ ၎င်း ၊ သိမ်း သွားချုပ်ထားတန် သောသူ တို့ သည် သိမ်း သွားချုပ်ထားခြင်းသို့ ၎င်း ထွက်သွား ကြဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့ အား ဆင့်ဆို လော့။
Jeremiah 18:21ထိုကြောင့်၊ သူတို့ကို ထားဘေးသို့၎င်း ၊ သူ တို့သားသမီး များကို မွတ်သိပ် ခြင်းသို့ ၎င်း အပ် တော်မူပါ။ သူ တို့မိန်းမ တို့သည် သားများဆုံး၍ မုတ်ဆိုးမ ဖြစ် ကြပါစေသော။ လူ ကြီးတို့သည် အသေသတ် ခြင်းကို ခံရ ၍၊ လူပျို တို့ လည်း စစ်တိုက် ပွဲ၌ ထား ဖြင့် ဆုံး ကြပါစေသော။
Jeremiah 21:7ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို နောက်မှ နာ ဘေး၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် လွတ်၍၊ ကျန် ကြွင်းသော မြို့သားတည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ သူ ၏ကျွန် များ၊ သူ၏လူ များတို့ကို၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစ ရှိသော ရန်သူ များ၊ သတ် ချင်သော သူများလက် သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမ ရှိ၊ မ စုံမက် ၊ မ နှမြော ဘဲ၊ ထား နှင့် ကွပ်မျက် လိမ့်မည်ဟု ဆင့်ဆိုလေ၏။