Isaiah 8:14
ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံ ရာ ဖြစ် တော်မူလိမ့်မည်။ သို့ရာတွင် ၊ ဣသရေလ လူ နှစ် မျိုးတို့ ထိမိ၍လဲ စရာကျောက် ၊ မှားယွင်း စရာကျောက် ၊ ယေရုရှလင် မြို့သား တို့၌ ကျော့ကွင်း နှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
15ထိုသူ အများ တို့သည် ထိမိ ၍ တိမ်းလဲ ကျိုးပဲ့ ခြင်း၊ ကျော့မိ ဘမ်းဆီး ခြင်းသို့ ရောက်ကြလိမ့်မည်။
Cross References
Joshua 10:7ယောရှု သည်လည်း ၊ စစ်မှု ၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲ အပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ မြို့မှ တက် သွားလေ၏။
Psalms 46:1ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာ ဖြစ်၍ ၊ ခွန်အား ကိုပေး တော်မူ၏။ ဘေး ရောက် သည်ကာလ အထူး သဖြင့်ကူမ တော်မူကြောင်း ထင်ရှားလျက်ရှိ၏။
Proverbs 18:10ထာဝရဘုရား ၏နာမတော် သည် ခိုင်ခံ့ သော ရဲတိုက် ဖြစ်၍၊ ဖြောင့်မတ် သောသူတို့သည် ပြေး ဝင်သဖြင့် ၊ လုံခြုံ စွာနေရကြ၏။
Isaiah 24:17အိုပြည် သား ၊ သင် သည် ကြောက်လန့် ဘွယ် သောအရာ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက်လေပြီ။
Isaiah 28:16အရှင် ထာဝရ ဘုရားက၊ စုံစမ်း သော အမြစ် ကျောက် တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက် မြတ် ကို ဇိအုန် တောင်ပေါ် မှာ ငါ ချ ထား၏။ ထိုကျောက်ကို အမှီပြု သောသူသည် ပြေး ရ သောအကြောင်းမ ရှိ။
Ezekiel 11:16ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသားတို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ ဖြန့်ကြဲ သော်လည်း ၊ သူတို့ ရောက် သော ပြည် တို့၌ ငါသည်သူ တို့အဘို့ သန့်ရှင်း ရာဌာနကဲ့သို့ ခဏ ဖြစ် လိမ့်မည်။