ယေရမိအနာဂတ္တိကျမ်း 6:9
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်နွယ်ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ်သကဲ့သို့၊ ထိုသူတို့သည် ဣသရေလ၌ ကျန်ကြွင်းသော အရာကိုလိုက်၍ အကုန်အစင်ဆွတ်ကြ လိမ့်မည်။ စပျစ်သီးဆွတ်သော သူကဲ့သို့၊ သင်၏လက်ကို ခြင်းတောင်းထဲသို့ တဖန်သွင်းဦးလော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 6
Cross References
Jeremiah 49:9စပျစ်သီးကိုဆွတ်သော သူတို့သည်သင်ရှိရာသို့ လာလျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည် မဟုတ်လော။ ညဉ့်အခါသူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည် မဟုတ် လော။
Obadiah 1:5ညဉ့်အခါ သူခိုးထားပြတို့သည် သင်ရှိရာသို့ လာ လျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာ လျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။