The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 7 › ယေရမိအနာဂတ္တိကျမ်း 7:26

ယေရမိအနာဂတ္တိကျမ်း 7:26

သင်တို့သည် ငါ့စကားကို နားမထောင်၊ မနာ မယူဘဲနေ၍ မိမိတို့ လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက်သာ၍ ဆိုးသွမ်းကြ၏။

1835 Judson Burmese Bible

In The King James Version

Yet they hearkened not unto me, nor inclined their ear, but hardened their neck: they did worse than their fathers.

In Context

25သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက် သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် နေ့တိုင်း စောစောထ၍၊ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊

27သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော် လည်း မထူးကြ။

Read all of ယေရမိအနာဂတ္တိကျမ်း 7

Cross References

Deuteronomy 8:20သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားမထောင်သောကြောင့်၊ ထာဝရဘုရားသည် သင့်ရှေ့မှာ ဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။

1 Kings 14:22ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှား သော အပြစ်များအားဖြင့် အမျက်တော်ကိုနှိုးဆော်ကြ၏။

2 Kings 17:15စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကို ပယ်၍အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရား ပညတ်တော် မူ၏၊ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့ လိုက်ကြ၏။

2 Chronicles 33:10ထာဝရဘုရားသည် မနာရှေနှင့်သူ၏ လူတို့အား မိန့်တော်မူသော် လည်း၊ သူတို့သည် နားမထောင်ဘဲ နေသောကြောင့်၊

Nehemiah 9:16သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာန ထောင်လွှား၍၊ ခိုင်မာသော လည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။

Nehemiah 9:29တရားတော်ကိုကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူ သော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှား ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ် သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက်နားမထောင်ဘဲ နေကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 7:26

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 7:25ယေရမိအနာဂတ္တိကျမ်း 7ယေရမိအနာဂတ္တိကျမ်း 7:27 →