Job 1:8
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
9စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။
Cross References
Numbers 12:3မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ၏။
Joshua 1:7သို့ဖြစ်၍ ငါ၏ကျွန်မောရှေ မှာထားသော တရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှါ အားယူ ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။
2 Kings 23:25မောရှေတရား၌ ပါသမျှကို ကျင့်သဖြင့်၊ စိတ် နှလုံး အကြွင်းမဲ့အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရား အထံတော်သို့ ပြောင်းလဲ၍၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တယောက်မျှ မဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။
Job 1:1ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
Job 2:3ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
Job 9:22ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။