Job 2:10
ယောဘကလည်း၊ မိန်းမ မိုက်ပြော တတ်သကဲ့သို့ သင်သည်ပြော ၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင် ၏လက်တော်မှ သုခ ချမ်းသာကို ခံယူ သည်ဖြစ်၍ ၊ ဒုက္ခ ဆင်းရဲကို မ ခံ မယူရာသလောဟုဆို ၏။ ယောဘ သည် ဤ အမှုများနှင့် တွေ့ကြုံသော်လည်းနှုတ် ဖြင့် မျှမ မှားယွင်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 3:17ယောက်ျား ကို လည်း ၊ ထို အပင်၏အသီးကို မ စား ရဟု ငါပညတ် သော်လည်း၊ သင်သည်မယား ၏ စကား ကို နားထောင် ၍ စား မိသောကြောင့် ၊ မြေ သည် သင် ၏အတွက် ကျိန် ခြင်းကိုခံ လျက်ရှိ၏။ မြေ၏အသီးကို တသက် ပတ်လုံးပင်ပန်း စွာ စား ရမည်။
2 Samuel 13:13ပြုလျှင်ငါ သည် ရှက် ခြင်းနှင့် အဘယ် သို့ကင်းလွတ် မည်နည်း။ သင် သည်လည်း ဣသရေလ အမျိုး၌ လူမိုက် ကဲ့သို့ ဖြစ် လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင် ကို လျှောက် ပါလော့။ လျှောက်လျှင်မ ပေးစားဘဲ နေတော် မ မူပါဟု ပြောဆို သော်လည်း၊
2 Samuel 19:28ကျွန်တော် အဆွေ အမျိုးအပေါင်း တို့သည် အရှင် မင်းကြီး ရှေ့တော်မှာ လူ သေ ဖြစ်ကြသော်လည်း ၊ စားပွဲ တော်၌ စား သောသူတို့နှင့်အတူ ကိုယ်တော် ကျွန် ကို နေရာ ပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင် ထံ တော်၌ ကျွန်တော် မြည်တမ်း ရသော အခွင့် သည် အဘယ်သို့ ရှိ ပါသနည်းဟု ပြန် လျှောက်သော်၊
2 Chronicles 16:9ထာဝရဘုရား သည် စုံလင် သော စေတနာစိတ် ရှိသောသူ တို့ဘက် ၌၊ ခိုင်ခံ့ စွာ နေခြင်းငှါ ၊ မြေကြီး တပြင်လုံး ကို အနှံ့အပြား ကြည့်ရှု လျက် ရှိတော်မူ၏။ ဤ အမှု၌ မင်းကြီးသည် မိုက် စွာပြုပြီ။ ယခု မှစ၍ စစ်မှု ရှိ လိမ့်မည်ဟု ဆို၏။
Job 1:10ကိုယ်တော် သည် သူ့ ကိုယ်မှစ၍သူ့ အိမ် နှင့် သူ့ ဥစ္စာ ရှိသမျှ ပတ်လည် ၌ စောင်ရန်းကာ တော်မူသည် မဟုတ် လော။ သူ ပြု လေသမျှတို့ကို ကောင်းကြီး ပေးတော်မူပြီ။ သူ့ သိုး နွားအစရှိသော တိရစ္ဆာန်တို့သည် မြေ ပေါ် မှာ အလွန်ပွားများ ကြပြီ။
Job 1:22ယောဘ သည် ဤ အမှုများ နှင့် တွေ့ကြုံသော်လည်းမ မှားယွင်း။ ထာဝရဘုရား ကိုလည်းအပြစ် မ တင်ဘဲနေ၏။