Job 2:11
ထိုအခါ တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖါ တည်း ဟူသောယောဘ ၏အဆွေ ခင်ပွန်းသုံး ယောက်တို့သည်၊ သူ ၌ ရောက် သော ဤ အမှုကြီးအလုံးစုံ တို့ကို သိတင်း ကြား လျှင် ၊ ယောဘ နှင့်အတူ ညည်းတွား ၍ သူ့ ကိုနှစ်သိမ့် စေခြင်းငှါ ၊ စည်းဝေး မည် ချိန်းချက်သည်အတိုင်း၊ အသီးအသီးမိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 25:2ထိုမိန်းမ သည် ဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဗက် ၊ ရှုအာ တို့ကို ဘွားမြင် လေ၏။
Genesis 36:15ဧသော သား တို့တွင် ဗိုလ် လုပ်သောသူဟူမူကား ၊ သားဦး ဧလိဖတ် ၏သား ဗိုလ် တေမန် ၊ ဗိုလ် ဩမရ ၊ ဗိုလ် ဇေဖေါ ၊ ဗိုလ် ကေနတ်၊
Genesis 37:35သား သမီး အပေါင်း တို့သည်၊ အဘ ကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့် စေသော စကားကို နား မထောင်ဘဲ၊ ငါ့ သား ရှိ ရာ မရဏာ နိုင်ငံသို့ စိတ် မသာညည်းတွားလျက် ဆင်းသက် တော့မည်ဟု ဆို လေ၏။ ထိုသို့ယောသပ်အဘသည် သား ကြောင့် ငိုကြွေး မြည်တမ်းလျက် နေလေ၏။
1 Chronicles 1:32အာဗြဟံ မယား နှောင်းကေတုရ သား ကားဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဘတ် ၊ ရှုအာ တည်း။ ယုတ်ရှန် သား ကား ရှာဘ နှင့် ဒေဒန် တည်း။
Job 4:1ထိုအခါ တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည်ကား၊
Job 6:19တေမန် အမျိုးသားအစု အဝေးတို့သည် ရှာ ကြ၏။ ရှေဘ ပြည်မှ ခရီး သွားသောသူအစုအဝေးတို့သည် မြော်လင့် လျက် လာကြ၏။