Job 2:8
ယောဘသည်ကိုယ် ကို ခြစ် စရာ အိုး ခြမ်းကို ကိုင် ယူ၍ မီးဖိုပြာ ထဲ မှာ ထိုင် လေ၏။
မြန်မာကျမ်းစာ
In The King James Version
And he took him a potsherd to scrape himself withal; and he sat down among the ashes.
In Context
Cross References
Esther 4:1ထို အမှုရှိသမျှ ကို မော်ဒကဲ သိ သောအခါ ၊ မိမိ အဝတ် ကိုဆုတ် ၍ ပြာ နှင့်လူးလျက် ၊ လျှော်တေ အဝတ်ကို ဝတ် လျက် ၊ မြို့ အလယ် သို့ သွား ၍ ကြီးကျယ် သောအသံ နှင့် ငိုကြွေး လေ၏။
Job 19:14ငါ့ ပေါက်ဘော် တို့သည် ငါ့ကိုစွန့် ၍၊ ငါ့ သူငယ်ချင်း တို့သည် မေ့လျော့ ကြ၏။
Psalms 38:5အကျွန်ုပ် မိုက် သောအမှုကြောင့် အနာ တို့သည် နံ စော်၍ ရိယွဲ့လျက်ရှိကြပါ၏။
Isaiah 61:3စိတ်မသာညည်းတွား သော ဇိအုန် မြို့သားတို့ အဘို့ စီရင် ၍၊ ပြာ အရာ ၌ ပေါင်း သရဖူ၊ ဝမ်းနည်း ခြင်း အရာ ၌ ဝမ်းမြောက် ခြင်းဆီ ၊ ညှိုးငယ် သောစိတ် သဘောအရာ ၌ ချီးမွမ်း ခြင်းအဝတ် တန်ဆာကို သူ တို့အား ပေး စေခြင်းငှါ ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီ။ ထိုသူ တို့သည် ဖြောင့်မတ် ခြင်းသပိတ် ပင်၊ ဘုန်း အသရေတော်ဘို့ ထာဝရဘုရား စိုက်ပျိုး တော်မူသောအပင်ဟူ၍သမုတ် ခြင်းကိုခံ ရကြလိမ့်မည်။
Ezekiel 27:30သင့် အဘို့ အော်ဟစ် ၍ ပြင်းစွာ ငိုကြွေး ကြ လိမ့်မည်။ မြေမှုန့် ကို မိမိ တို့ခေါင်း ပေါ်မှာ ပစ်တင် ၍ပြာ ၌ လူး ကြလိမ့်မည်။
Matthew 11:21အိုခေါရာဇိန် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အိုဗက်ဇဲဒ မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ သင် တို့တွင် ပြ သောတန်ခိုး ကို တုရု မြို့နှင့် ဇိဒုန် မြို့တို့တွင် ပြ ဘူးလျှင် ၊ ထိုမြို့ တို့သည် ရှေး ကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာ နှင့် လူးလျက်နောင်တရ ကြလိမ့်မည်။