Job 5:7
မီးပွါး တို့သည် အထက် သို့ပျံ တက်သည်နည်းတူ ၊ လူ သည်ဒုက္ခ ၌ ကျင်လည်ခြင်းငှါ မွေးဘွား ၏။
မြန်မာကျမ်းစာ
In The King James Version
Yet man is born unto trouble, as the sparks fly upward.
In Context
6မြေမှုန့် ထဲက အမှုရောက်သည်မ ဟုတ်။ ဒုက္ခ သည် မြေ ပေါ်မှာ မပေါက်တတ်။
8ငါ မူကား ဘုရား သခင်ကို မျှော်လင့် မည်။ ကိုယ် အမှု ကို ဘုရား သခင်၌ အပ် မည်။
Cross References
Genesis 3:17ယောက်ျား ကို လည်း ၊ ထို အပင်၏အသီးကို မ စား ရဟု ငါပညတ် သော်လည်း၊ သင်သည်မယား ၏ စကား ကို နားထောင် ၍ စား မိသောကြောင့် ၊ မြေ သည် သင် ၏အတွက် ကျိန် ခြင်းကိုခံ လျက်ရှိ၏။ မြေ၏အသီးကို တသက် ပတ်လုံးပင်ပန်း စွာ စား ရမည်။
Psalms 90:8အကျွန်ုပ် တို့၏ ဒုစရိုက် များကို ရှေ့ တော်၌ ၎င်း၊ ဝှက်ထား သောအကျင့် များကို မျက်နှာ တော်အလင်း ထဲ၌ ၎င်း၊ လှန်ထား တော်မူ၏။
Ecclesiastes 1:8ခပ်သိမ်း သော အရာ တို့သည် လူ မ ပြော နိုင် အောင် ပင်ပန်း ခြင်းနှင့် ယှဉ်ကြ၏။ မျက်စိ သည် မြင် ၍ မ ကုန် တတ်။ နား သည်လည်း ကြား ၍ မ ဝ တတ်။
Ecclesiastes 2:23သူ ၏နေ့ရက် အပေါင်း တို့သည် ဝမ်းနည်း ခြင်း၊ သူ ၏အလုပ် အကိုင်လည်း ငြိုငြင် ခြင်းဖြစ်၏။ ညဉ့် အခါ၌ ပင် သူ ၏စိတ် နှလုံးမ ငြိမ် ရ။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။
1 Corinthians 10:13လူ ၌ဖြစ်တတ်သော စုံစမ်း နှောင့်ရှက်ခြင်းကိုသာ သင် တို့သည် ခံရ ကြ၏။ ဘုရားသခင် သည် သစ္စာ နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင် တို့ မ ခံနိုင် သော စုံစမ်း နှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာအခွင့် ပေး တော်မမူ။ သင်တို့သည် ခံ နိုင် မည်အကြောင်း စုံစမ်း နှောင့်ရှက်ခြင်းအရာနှင့်တကွ ၊ ထွက်မြောက် သော လမ်းကိုလည်း စီရင်ပြုပြင် တော်မူလိမ့်မည်။