The Bible Software
Job · မြန်မာကျမ်းစာ

Job 5

1ယခု ဟစ်ခေါ် ပါ။ အဘယ်သူထူး လိမ့်မည်နည်း။ သန့်ရှင်း သူတို့တွင် အဘယ် သူကို ကြည့် မျှော်မည်နည်း။

2ဒေါသ သည် လူမိုက် ကို ဖျက်ဆီး တတ်၏။ ပညာ မရှိသောသူသည် လည်း ငြူစူ သောသဘောအားဖြင့်သေ ခြင်းသို့ ရောက်တတ်၏။

3မိုက် သောသူအမြစ် စွဲသည်ကို ငါ မြင် သောအခါ ၊ သူ ၏နေရာ ကို ချက်ခြင်း ကျိန်ဆဲ ၏။

4သူ ၏သား သမီးတို့သည် ဘေး လွတ်ရာအရပ်နှင့် ဝေး ကြ၏။ ရုံး တော်ရှေ့၌ ညှဉ်းဆဲ ခြင်းကို ခံရသောအခါ ကယ်နှုတ် သောသူ တ ယောက်မျှမရှိ။

5သူ ရိတ် သောစပါးကို မွတ်သိပ် သောသူသည်၊ ဆူး ပင်ကာသောခြံ အထဲ ကယူ သွား၍ စား တတ်၏။ သူ ၏ ပစ္စည်း ဥစ္စာကိုလည်း ရေငတ်သောသူသည် မျို တတ်၏။

6မြေမှုန့် ထဲက အမှုရောက်သည်မ ဟုတ်။ ဒုက္ခ သည် မြေ ပေါ်မှာ မပေါက်တတ်။

7မီးပွါး တို့သည် အထက် သို့ပျံ တက်သည်နည်းတူ ၊ လူ သည်ဒုက္ခ ၌ ကျင်လည်ခြင်းငှါ မွေးဘွား ၏။

8ငါ မူကား ဘုရား သခင်ကို မျှော်လင့် မည်။ ကိုယ် အမှု ကို ဘုရား သခင်၌ အပ် မည်။

9ဘုရားသခင် သည် ကြီး သောအမှု၊ စစ် ၍မ ကုန်နိုင်သောအမှု၊ ရေတွက် ၍မ ဆုံး၊ အံ့ဩ ဘွယ်သော အမှု တို့ကို ပြု တော်မူ၏။

10မြေ ပေါ် မှာမိုဃ်း ရွာစေသဖြင့် လယ် တို့၌ ရေ ကိုပေး တော်မူ၏။

11ထိုသို့နှိမ့်ချ လျက်ရှိသောသူတို့ကို ချီးမြှောက် တော်မူ၏။ ငြိုငြင် သောသူတို့ကိုလည်း ဝမ်းသာစေတော်မူ ၏။

12ပရိယာယ် ပြုသောသူတို့၏ အမှုကိုမ အောင်စေခြင်းငှါ သူတို့အကြံ ကို ဖျက် တော်မူ၏။

13ပညာ ရှိတို့ကို သူ တို့၏ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင် ခြင်း ကို အချည်းနှီး ဖြစ်စေတော်မူ၏။

14ထိုသူတို့သည် နေ့ အချိန်၌ မှောင်မိုက် ကိုတွေ့ ၍၊ ညဉ့် အချိန်၌ကဲ့သို့ မွန်းတည့် အချိန်၌ စမ်းသပ် လျက် သွားလာရကြ၏။

15ထိုသူ တို့စီရင်သောထား ဘေးမှ ၎င်း ၊ အားကြီး သောသူတို့၏ လက် မှ ၎င်း ၊ ဆင်းရဲသား တို့ကို ကယ်နှုတ် တော်မူ၏။

16ထိုသို့ ဆင်းရဲသား တို့သည် မြော်လင့် ရာအခွင့် ရှိ ကြ၏။ အဓမ္မ သည်လည်း မိမိ နှုတ် ကို ပိတ် ထားရ၏။

17အပြစ်နှင့်အလျောက်ဘုရား သခင်စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာ ရှိ၏။ ထိုကြောင့် အနန္တ တန်ခိုးရှင် ဆုံးမ တော်မူခြင်းကို မထီမဲ့မြင် မ ပြုပါနှင့်။

18ထိုအရှင်သည် အနာ ကိုဖြစ်စေ၍ ၊ ထိုအနာ ကိုလည်း စည်း တော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက် တော်နှင့် သက်သာ စေတော်မူ၏။

19သင့် ကိုအမှု ခြောက် ပါးထဲက နှုတ် ယူတော်မူသည် သာမက၊ ခုနစ် ပါးသောအမှု၌ လည်း ဘေး တစုံတခုမျှ မ ထိ မခိုက်ရ။

20အစာခေါင်းပါး သောအခါ သေဘေး မှ ၎င်း ၊ စစ်တိုက် သောအခါ ထား ဘေးမှ ၎င်း၊ သင့် ကို ရွေးနှုတ် တော်မူလိမ့်မည်။

21သင်သည်ကဲ့ရဲ့ ခြင်းဘေးနှင့် ကင်းလွတ် ၍ ပျက်စီး ခြင်းဘေးရောက် သော်လည်း မ ကြောက် ရ။

22ပျက်စီး ခြင်းဘေးနှင့် အစာ ခေါင်းပါးခြင်းဘေးကို ရယ်မော ၍ တော သားရဲ တို့ကိုလည်း မ ကြောက် ရ။

23အကြောင်း မူကား၊ လယ် ၌ကျောက်ခဲ တို့သည် သင် နှင့် ပဋိညာဉ် ပြု၍ တော သားရဲ တို့သည် သင် နှင့် မိဿဟာယ ဖွဲ့ကြလိမ့်မည်။

24သင်သည်ကိုယ် အိမ် ၌ ငြိမ်သက် ခြင်းရှိကြောင်း ကို တွေ့ ၍ ကိုယ် နေရာ အရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက် စရာအကြောင်းမ ရှိရ။

25သင် ၌သား သမီးများပြား ၍ ၊ သင့် အမျိုး အနွယ်သည် မြေ ပေါ်မှာ မြက်ပင် နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင် ရလိမ့်မည်။

26အချိန် တန်လျှင် သိမ်းယူ သောကောက် လှိုင်းကဲ့သို့ ၊ သင်သည် အသက် ကြီးရင့်၍ သင်္ချိုင်း သို့ ရောက် ရ လိမ့်မည်။

27ဤ အမှုကို ငါတို့သည် စစ်ဆေး ၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင် ပါ။ အသင့်နှလုံး သွင်း ထားပါဟု မြွက်ဆို၏။

← Job 4Read In The App, Free →Job 6 →

Study Job 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142